February 11, 2010

လွမ်း...

လွမ်းတတ်သူပါကွယ်
လွမ်းတတ်သူ ဒီရင်ထဲဝယ်
အလွမ်းလေးတွေ
ပန်းလိုသီထားမယ်...

လွမ်းတတ်သူကိုမှ
လွမ်းရအောင် သူဖန်လို့ကွယ်
ကံကြမ္မာရယ်
ပြုစားရက်အားတယ်...

လွမ်းသလားသူဆို
လွမ်းသမျှတော့ သူမသိစေလို
ကိုယ့်မျက်ရည်ကြောင့်
သူနွမ်းမှာစိုးသကို...

လွမ်းသမျှလည်း ရင်ထဲမှာပဲ
လွမ်းရက်ရှည်လည်း ကြုံဦးမှာမလွဲ
နှလုံးသားလေးလည်း
ငိုနေဦးမှာ အမြဲ...

လွမ်းသုရင်
၁၁ ဖေဖော်ဝါရီ ၂၀၁၀

2 ယောက်ဝေဖန်သွားတယ်:

အန်တီချမ်း said...

တယ်လဲ လွမ်းနေပါ့လား မိန်းမစိမ်းရယ်

ကောင်းတယ်
တခုပဲ တီက ၁၃ရက်နေ့မှာ လာဖတ်လိုက်တော့ တမျိုးကြီးရယ်

နွေဆူးလင်္ကာ said...

လွမ်းရင် ငိုတယ်ပေါ့။