February 9, 2010

ဆန္ဒ

နှလုံးသားနဲ့ ဦးဏှောက် လွန်ဆွဲတဲ့အခါ
မျက်ရည်တို့က ဓါးစားခံဖြစ်ရတယ်ပေါ့...

ဦးဏှောက်ရဲ့ ဆုံးဖြတ်ချက်ဟာ
တည်တံ့ခိုင်မြဲတယ် ဆိုပေမယ့်
နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကိုပဲ
ဦးစားပေးချင်တာ သဘာဝပေါ့...

ဘာကြောင့်လဲ...
ကံတရားလို့ပဲ ဆိုဆို
ဝဋ်ကြွေးလို့ပဲ ပြောပြော
ဦးဏှောက်မရှိဘူးလို့ပဲ ထင်ထင်
နောက်ဆုံးအချိန်ထိတော့
နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကို
ကြားနာချင်မိပါသေးတယ်

ကြားနာချင်မိပါသေးတယ်...

လွမ်းသုရင်
၉ ဖေဖော်ဝါရီ ၂၀၁၀

5 ယောက်ဝေဖန်သွားတယ်:

နွေဆူးလင်္ကာ said...

လွန်တွေသိပ်မဆွဲနဲ့ မိုးတွေရွာကုန်လိမ့်မယ်။

ပန်းရင့်ရောင် said...

ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း ကျပါစေ။

nyansatt said...

ဟဟ..အလန်းပဲ..အဆွေးသမားတွေအတွက်ကွက်တိပဲ:P

အပြုံးပန်း said...

နှလုံးသားရဲ့ ဆန္ဒက သိပ်ပြီး သိမ်မွေ့နူးညံ့တယ်လေ။
အဲဒီဆန္ဒအတိုင်းသာ နေချင်မိတယ်။

Moe Myint Tane said...

CAUSE & EFFECT


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်