August 15, 2009

ပါးစပ်နဲ့ TAG တဲ့ လတ်တလော

သက်ပိုင်သူက 'လတ်တလော' ဆိုတဲ့ ပို့စ်လေးတစ်ခုကို မမနော် TAG လို့ရေးတယ်တဲ့။ အဲ့ဒီပို့စ်လေး ရေးအပြီးမှာ သူကကိုယ့်အလုပ်များနေမှန်းသိလို့ ထပ်မတက်ထားပေမယ့် ကိုယ်ကလည်း ရေးချင်နေတဲ့အကြောင်းလေးတွေ ရှိနေတာကြောင့် "ငါ့ကို TAG" လို့ ပြောလိုက်မိတယ်။ ဒီတော့ သူကလည်း ပို့စ်ထဲမှာတော့ ပြင်မရေးတော့ဘူး။ ငါတက်တယ်လို့သာရေးပြီး TAG ပို့စ်ရေးတော့လို့ ပြောတယ်လေ။ ဒီတော့လည်း ပါးစပ်နဲ့ TAG တယ်လို့ပဲ မှတ်ပြီး လတ်တလောမှာ ကိုယ်ဖြစ်နေတဲ့အကြောင်းလေးတွေကို ရေးရရင်တော့...

တွေးနေမိတာက - လွန်ခဲ့တဲ့ ၂လကျော်က အဖြစ်အပျက်တွေ


ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက - အမြဲတမ်းလိုလို မထင်မှတ်တာတွေနဲ့ ရင်ဆိုင်ရတတ်သူ


ကျန်းမာရေး - ချူချာပေမယ့် လှုပ်ရှားရုန်းကန်နေရတာပါပဲ


ဖတ်ဖြစ်တဲ့ စာအုပ်တွေက - လွမ်းတေးမဆုံးစေနဲ့စောသခင် ကိုစဖတ်မိကတည်းက ဇာတ်သိမ်းထိရောက်အောင်ကို မဖတ်နိုင်သေးတာ


ရောက်နေဖြစ်တာက - Tiong Bahru Plazza


ရေးဖြစ်နေတာက - စာနဲ့မထိတွေ့တာ ၄၄ရက်ရှိသွားပြီ


နားထောင်ဖြစ်နေတာက - ချစ်တယ်


ဖြစ်ချင်နေတာက - တစ်နေရာရာမှာ အခြေတကျနေချင်နေတာ။ အိမ်ခဏခဏ မပြောင်းချင်ဘူး။


သောက်ဖြစ်နေတာက - ဘလက်ကော်ဖီ


ခါးသက်နေမိတာက - အိမ်ရှာရတဲ့အလုပ်


သနားနေမိတာက - လတ်တလော အဖြစ်အပျက်တွေထဲမှာ ကိုယ့်အနားမှာ မျှဝေခံစားပေးနေတဲ့ ဆန့်ကျင်ဘက် လူသားနှစ်ဦး


လွမ်းနေမိတာက - တစ်ချိန်က အကြောင်းအရာတွေအားလုံး...


မေ့လျော့ပစ်နေမိတာက - မျက်ရည်နဲ့အဖော်ပြုခဲ့ရတဲ့နေ့ရက်တွေ...


တမ်းတနေမိတာက - လုံခြုံအေးချမ်းမယ့် ရင်ခွင်တစ်ခု


ချီးကျူးနေမိတာက - ကိုယ့်ထက်သာလွန်ကောင်းမွန်တဲ့ အရည်အချင်းရှိသူတွေအားလုံး


အထင်သေးနေမိတာက - ဘယ်သူကိုမှတော့ အထင်မသေးရဲပါဘူး။


ဆန္ဒမရှိတဲ့နေရာ - လူစုလူဝေးတွေ များနေတတ်တဲ့နေရာ


ဆန္ဒရှိနေတဲ့ကိစ္စ - ဆန္ဒတစ်ခုနှင့်ရပ်တည်ခဲ့သောနေ့စွဲများ ဆက်လက်ရှင်သန်စေဖို့


မုန်းတီးနေမိတာက - ဘယ်သူကိုမှ မမုန်းမိအောင်နေပါတယ်


ချစ်နေတာက - ကြမ်းရှဖြူသွယ်တဲ့ လက်ဖ၀ါးတစ်စုံ


စိတ်ပျက်နေမိတာက - ထုံနေတဲ့ကိုယ့်စိတ်


စွဲလန်းနေမိတာက - ပြောရခက်တဲ့အရာတွေ...


လိုအပ်နေတာက - ၃+၁ အိမ်ခန်းတစ်ခန်း


တောင်းနေမိတဲ့ဆု - ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ....


( အိမ်အပြောင်းအရွှေ့မှာ အလုပ်များတာရော၊ အင်တာနက်မရတာရော ပေါင်းပြီး ၄၄ရက် ခွင့်မဲ့ပျက်ကွက်သွားပါတယ်။ အဲ့ဒီအတွက် ရင်းနှီးတဲ့သူငယ်ချင်းတွေကိုတော့ အကြောင်းရင်းပြောဖြစ်ပေမယ့် ဘလော့ခ်ပေါ်မှာတော့ ဘာကြောင့်လို့ မရေးဖြစ်ခဲ့ပါဘူး။ အခုမှပဲ အကြောင်းတိုက်ဆိုင်လို့ ရေးဖြစ်ပါတယ်။ ပါးစပ်နဲ့ TAG ရေးခွင့်ပေးတဲ့ သက်ပိုင်သူနဲ့ ဘာမှအသစ်မရှိလည်း လာလည်မြဲလည်နေကြတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ )

[+/-] အပြည့်အစုံဖတ်ရန်...