လေပြင်းငယ် ပွေ၊ လေပြေလျှင် လည်း။
ချောင်းကျယ် ဘယ်မငြင်း၊ ချောင်းကျဉ်းလျှင် လည်း။
နေပူတုန်း ခါ၊ မိုးရွာလျှင် လည်း။
လသာသာ ပျိုအိုကြိုက်၊ လမိုက်လျှင် လည်း။
အဖော်ငယ်စုံ၊ ဖော်မစုံလျှင် လည်း။
ပွင့်ဖူးငုံ အကုန်လန်း၊ နွမ်းနယ်လျက် လည်း။
စုန်ပြန်ရ အဖန်ဖန်၊ ဆန်ပြန်ရ တလဲလဲ။
မဗေဒါ ဒီရေကြောမှာ၊ မျောလျက်သာပဲ။
ဆရာဇော်ဂျီ
ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင် ( ၁၉၅၇ - ၁၉၅၉ )
ဗေဒါလမ်း ကဗျာစုမှ ကောက်နှုတ်ချက်
သို့... တစ်ရံတစ်ခါဆီ...
3 months ago

1 ယောက်ဝေဖန်သွားတယ်:
ကဗျာဖတ်သွားတယ်ဗျာ
Post a Comment