အဖြူရောင်အောက်ခံမှာ အစိမ်းရောင်ပွင့်ရိုက် ၀တ်စုံအထက်အောက် ၀မ်းဆက်ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး... သူ့ဘေးမှာ အသားဖြူဖြူ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ တီရှပ်အဖြူရောင် အညိုရောင်ဘောင်းဘီရှည်ကို ၀တ်ဆင်ထားသော ရွယ်တူယောကျာ်းလေးတစ်ဦး...။
ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဗုဒ္ဓဟူးဂြိုလ်တိုင်မှာ တစ်ယောက်တလှည့်ရေသပ္ပါယ်ပြီး တတွတ်တွတ်ဆုတောင်းနေတယ်။ ပြီးတော့ ဘုရားကိုလက်ယာရစ် သုံးပတ်ပတ်တယ်။ အစိမ်းရောင်ဖျော့ဖျော့ထီးတစ်လက်ကို ဆောင်းပေးထားတဲ့ ကောင်လေးရဲ့အရိပ်ကိုမှီတွဲလို့ နေ့လည် ၁၂:၀၀နာရီ နေပူကျဲကျဲကို မထီမဲ့မြင်ပြုကာကောင်မလေးတစ်ယောက် စကားတွေ တတွတ်တွတ်ပြောရင်း လိုက်ပါလာခဲ့တယ်။ သူတို့နှစ်ယောက်လုံးရဲ့ မျက်နှာလေးတွေက ကြည်လင်လို့၊ သူတို့ဘယ်လောက် ပျော်နေလဲဆိုတာ မြင်ရုံနဲ့ သိနိုင်ကြမှာပါ...။တောင်ဘက်မုခ်ကနေ သူတို့ဆင်းသွားကြပြီ။ နံပါတ် (၂၀၄) လိုင်းကားကိုစီးပြီး မြေနီကုန်းရောက်တော့ကားပေါ်ကဆင်းလိုက်ကြတယ်။ နောက်တော့ ပြည်လမ်းကိုလမ်းကူးပြီး ဗားကရာလမ်းအတိုင်း တည့်တည့်လမ်းလျှောက်လာကြတယ်။ သူတို့ဘယ်သွားမလို့ပါလိမ့်....။
ဟော... မြင်နေရပြီ။ Y.K.K.Oဆိုတဲ့ဆိုင်းဘုတ်။ သူတို့ကြေးအိုးလာစားကြတာ ဖြစ်နိုင်တယ်။ သေချာတာပေါ့။သူတို့ဆိုင်ထဲကို ၀င်သွားပြီး၊ အပ်ါထပ်ကို တက်သွားကြတယ်။ အပေါ်ထပ်ရဲ့ မှန်ပြူတင်းဘက် မျက်နှာစာကစားပွဲအလွတ်တစ်ခုမှာ နေရာယူပြီး ကြေးအိုးကို ကြက်နဲ့တစ်ပွဲ ၀က်နဲ့တစ်ပွဲမှာနေတယ်။ ပြီးတော့ ကောင်မလေးကဆားငံသီးဖျော်ရည်လည်း မှာလိုက်သေးတယ်။ စားစရာတွေမှာထားတုန်းမှာ ကောင်မလေးက သူယူလာတဲ့လက်ဆွဲအိတ်ထဲက ပစ္စည်းတွေကို တစ်ခုချင်းထုတ်ပြီး ကောင်လေးကိုပေးနေတယ်။ MP3 Playerလေးတစ်ခု၊စီဒီ နှစ်ချပ်၊ ပြီးတော့ လက်ခလယ်လောက်အရွယ် ရှည်မျောမျော အစိမ်းရောင် ကျောက်တုံးငယ်လေးနှစ်ခု၊တစ်ခုကို ကောင်လေးကိုပေးပြီး ကျန်တဲ့တစ်ခုကို သူပြန်ယူထားလိုက်တယ်။ ပြီးတော့ ပြောသေးတယ်။ ဆေးပုလင်းခေါင်းဖြတ်တဲ့အခါ သုံးဖို့တဲ့။
စားစရာတွေရောက်လာတော့ စကားစပြတ်ပြီး စားတဲ့ဘက်ကို အာရုံရောက်သွားကြတယ်။ ကောင်လေးက ပလတ်စတစ်အိပ် စွတ်ထားတဲ့ တူတစ်စုံကို တယုတယ ခွာပေးပြီး ကောင်မလေးကို ပေးလိုက်တယ်။ကြေးအိုးကို ဖြည်းဖြည်းချင်းစားနေတဲ့ ကောင်မလေးကိုကြည့်ပြီး ပြုံးစိစိလုပ်နေတဲ့ ကောင်လေးက အစားစားတာကို နည်းနည်းချင်းစီပဲ ဘာလို့စားတာလဲတဲ့။ ကောင်မလေးဘာမှ ပြန်မဖြေဘူး။ ပြုံးရုံလေးပဲ ပြုံးပြလိုက်တယ်။ နောက်တော့ စားသောက်ခြင်းကို ရပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောနေကြလေရဲ့။မှန်ပြူတင်းကနေ အပြင်ကိုကြည့်မိတော့ မိုးတွေကရွာလို့။ မိုးအတိတ်ကိုစောင့်ရင်း စကားတွေပြောနေလိုက်ကြတာ။သူတို့ ဘာတွေပြောနေကြတာလဲ။ မျက်နှာလေးတွေကတော့ ပြုံးနေတာပဲ။ အဲဒီလို နှစ်ယောက်အတူတူ ရှိနေခဲ့တာ အဲဒီနေ့ကနောက်ဆုံးပဲဆိုတာကို သူတို့မသိခဲ့ကြဘူးထင်ပါရဲ့...။ သည်းနေတဲ့မိုးကတော့ သိနေသယောင် အညှိုးနဲ့ရွာနေတော့တယ်။
တဖြည်းဖြည်း မိုးစဲသွားတော့ နှစ်ယောက်သား ကြေးအိုးဆိုင်က ထွက်ပြီးမြေနီကုန်းက လမ်းပြန်လျှောက်လာကြပြန်ပြီ။ အဲဒီအချိန်မှာ တီကနဲ ကားဟွန်းသံတစ်ချက်ကိုကြားလိုက်ရတယ်။ လန့်ပြီးနာရီကိုကြည့်လိုက်တော့ မနက်ခုနစ်နာရီခွဲ။ မိုးလင်းတာကလည်း မြန်လိုက်တာလို့ တိတ်တဆိတ်ရေရွတ်မိတယ်။
ဘာလိုလိုနဲ့ သူ့မွေးနေ့တွေမှာ ကိုယ်နဲ့အတူ မရှိနိုင်တော့တာ သုံးနှစ်တောင် ရှိခဲ့ပြီပဲလေ...။ ခုဆိုရင်သူလည်း ကိုယ့်လိုပဲ သတိရနေမလား မသေချာပေမယ့် သူ့ဘ၀နဲ့သူတော့ သာသာယာယာ ရှိနေလိမ့်မယ်လို့တော့ မျှော်လင့်နေမိတယ်။
ငယ်ချစ်ဦးဆိုတာ အနှစ်တစ်ရာ မမေ့သာတဲ့...။ ချစ်ခြင်းကို မုန်းလို့ရပေမယ့် သံယောဇဉ်ဆိုတာ တွယ်မိရင် ဖြတ်ဖို့ခက်တဲ့အရာ... ။

5 ယောက်ဝေဖန်သွားတယ်:
အမစိမ်း စာပြန်ရေးတာ ဝမ်းသာသဗျ။
:P
ဘာဖြစ်သွားတာလဲဟင်
ဒီမှာလည်း မိုးတွေကရွာ
း(
ငိုချင်သွားတယ် ........
အဲဒီအချိန်မှာ တီကနဲ ကားဟွန်းသံတစ်ချက်ကိုကြားလိုက်ရတယ်။ လန့်ပြီးနာရီကိုကြည့်လိုက်တော့ မနက်ခုနစ်နာရီခွဲ။ မိုးလင်းတာကလည်း မြန်လိုက်တာလို့ တိတ်တဆိတ်ရေရွတ်မိတယ်။
ဆိုတော့ကာ ....
အိပ်မက်မက်နေတာလား.. ကားဟွန်းသံကတော့ တကယ်ဖြစ်ခဲ့တာလား.. ကားနဲ့လာခေါ်သွားတာလား ကားတိုက်တာလား.. သို့မဟုတ် အပြင်မှာ ကားဟွန်းသံကြားလို့ အိပ်မက်က လန့်နိုးသွားတာလား..
မမ
လုပ်ချလိုက်ပြန်ပြီ။ ဒီမှာ Half feel နဲ့ပြန်သွားရတယ်။
blogger yae creation ka tot very amazing par! A yan tite sine muu twae shi tae... so lo tar ka thu ma yae Birthday mar Kyaun taw ma shi khae tar for three years..... A yan kg tae creation par tite sine thwar lote ma hote par buuu naw!
Post a Comment