ဒီနေ့ ကျောင်းတွေပြန်ဖွင့်ပြီ...
ကျောင်းစတက်တဲ့နေ့မှာ ပျော်နေတဲ့သူတွေလည်းရှိမယ်။ ကျောင်းမတက်ချင် တက်ချင်တက်ရတဲ့ သူတွေလည်းရှိမယ်။
သူများတွေ ပျော်ပျော်ရွှင်ရွှင်ကျောင်းတက်နေချိန်မှာ ကျောင်းပြန်ဖွင့်တယ်ဆိုတာကို ဘယ်လိုမှ မခံစားနိုင်တဲ့ ခပ်ကြမ်းကြမ်း ဘ၀တွေလည်း ရှိမယ်။
သားသမီးကို ပညာတတ်စေချင်လွန်းလို့ ရှိစုမဲ့စုနဲ့ ဖြစ်အောင်ကျောင်းထားပေးရတဲ့ မိဘတွေလည်း ရှိသလို ရင်နာနာနဲ့ ကျောင်းထုတ်ပြီး ဘ၀ကို ဖြစ်သလိုရင်ဆိုင်နေကြရတဲ့ မိသားစုတွေလည်း ရှိမယ်။
စာသင်ခန်းထဲကို ကြည့်လိုက်ရင် အဖြူနဲ့အစိမ်း နှစ်ရောင်ပဲ တွေ့ကြမှာပေါ့။
အဲ့ဒီအဖြူအစိမ်းတွေရဲ့ နောက်ကွယ်မှာ ရှိနေသေးတဲ့ ရောင်စုံဘ၀တွေကိုတော့ ဘယ်သူမှသေသေချာချာ လေ့လာကြလိမ့်မယ် မထင်ပါဘူး...။

8 ယောက်ဝေဖန်သွားတယ်:
ဘဝဘဝ.. အရောင်တွေ လွင့်နေတဲ့ ဒို့ဘဝတွေ ဘယ်တော့များမှ စိမ်စို လှပ လာမလဲနော်..း(
ဒေါင်.... ဒေါင်.... ဒေါင်....
မှန်တယ်ဗျာ... အဖြူအစိမ်းတွေရဲ့နောက်ကွယ်မှာ ရှိသေးတဲ့အရောင်စုံ ဘဝတွေကတော့ ခါးသီးတာတော့ အမှန်ပဲဗျ...။ မတွေးတာပဲ ကောင်းပါတယ်ဗျာ... စိတ်ညစ်လို့...
ဒါပေါ့ညီမလေး ဘ၀တစ်ခုစီတစ်ခုစီမှာ တွေ့ကြုံဖြတ်သန်းနေရတဲ့ အရောင်တွေက တစ်ခုထက်မနည်း ရှိနေတာပေါ့။ တစ်ချို့တွေဟာ မြင်လွယ်နိုင်သလို တစ်ချို့တွေဟာ အလွယ်တကူ မမြင်နိုင်ကြဘူး။ အခု ကိုကြီးတို့ ညီမလေးတို့ကော ဘယ်လိုအရောင်တွေနဲ့ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေကြရပါလိမ့် ညီမလေး။ သေချာတာကတော့ အဖြူအစိမ်း မဟုတ်တော့တာဘဲပေါ့။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ကျောင်းတွေတောင် ဖွင့်ပြီနော် .....
ဒီပို့စ်ရောက် နောက်ကွယ်မှာ မပြောဖြစ်လိုက်တဲ့ စကားလုံးတွေကို တွေ့လိုက်ရတယ်...။
ခေါင်းလောင်းသံ တညံညံပေး........ရွာကျောင်းကို ပြေးမြင်မိတယ်..သတိရနေတယ် ..သူငယ်ချင်းရေ..
ငယ်ငယ်တုန်းကဆို ဇွန် ၁ ရက်နေ့ဆို ရင်ထဲမှာတမျိုးပဲ၊ အဲ့ဒီခံစားချက်လေးကို လွမ်းတယ်ဗျာ....
Post a Comment