မနက်စောစော ရုံးရောက်ရောက်ချင်း စားပွဲပေါ်မှာ ရောက်နေတဲ့ ပုံအလိပ်လိုက်ကိုမြင်တော့ အိပ်ချင်နေသည့် မျက်လုံးများ ပြူးကျယ်သွားရသည်။ "ဒီပုံတွေကလည်း အသစ်ပဲထွက်လာနိုင်လွန်းတယ်" ဆိုသည့်စိတ်နှင့် ထိုင်တောင်မထိုင်မိသေးပဲ ပုံအလိပ်လိုက်ကို ဆွဲယူ ဖြန့်ကြည့်မိသည်။ Road Repair & Resurfacing တဲ့...။
ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ မျက်နှာပြင်သိပ်မချောတော့တဲ့ လမ်းတွေကို အပိုင်းလိုက်ဖျက်ပြီး ပြန်ခင်း၊ ကားအသွားအလာများလို့ လမ်းအမှတ်အသား ဆေးပျက်နေတဲ့နေရာတွေကို ဖျက်ပြီး အသစ်ပြန်ရေး။ အဲ့ဒါလေးနဲ့တင် Project အသစ်တစ်ခုဖြစ်လာရောလေ။
စားပွဲပေါ်က ပုံတွေကို ကြည့်ရင်း တစ်စစီကြေမွကျိုးပဲ့လို့ ခလုတ်မတိုက်အောင်၊ ခြေကျွံမကျအောင် မနည်းလျှောက်ခဲ့ရသည့် ရှုမြင်လို့မှ မကောင်းတော့သော ပလက်ဖောင်းကလေးများကို ကွင်းကွင်းကွက်ကွက် မြင်လာ၏။ ရင်ဘတ်ထဲကလည်း အောင့်လာသလိုလို ခံစားလာရသည်။ မြို့တော်စည်ပင်သာယာလှပရေး စီမံချက်ထဲမှာ အဲ့ဒီပလက်ဖောင်းလေးတွေ မပါဘူးလားလို့လည်း တွေးမိသည်။
ဟောဒီကျွန်းသေးသေးလေးပေါ်က ဆောက်လုပ်ရေးကုမ္ပဏီအများအပြားမှာ မြန်မာအင်ဂျင်နီယာတွေ ရာထူးအမျိုးမျိုးနဲ့ အလုပ်လုပ်နေကြလေရဲ့။ ကာယအား၊ ဥာဏအားတွေနဲ့ ဒီကျွန်းသေးသေးလေးကို အလှဆင်ပြုပြင်မွမ်းမံနေကြလေရဲ့...။
"အမေပေးတဲ့ပညာက သူများအကျိုးအတွက်လား" လို့တွေးမိရင်း မြင်မကောင်းအောင် ပျက်စီးနေသည့် လမ်းကလေးများ၊ ပလက်ဖောင်းကလေးများ၏ ပြုပြင်မွမ်းမံရေးအတွက် ခန့်မှန်းခြေ ကုန်ကျစရိတ် တွက်ပေးနိုင်ခွင့် တစ်နေ့နေ့တော့ ရပါစေလို့လည်း ဆန္ဒပြုလျက်...

6 ယောက်ဝေဖန်သွားတယ်:
နက်ဖန်သို့မဟုတ် ဘယ်သောခါပေါ့ ညီမ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
အေးဗျာ ဟုတ်ပါရဲ့ ကျွန်တော်တို့လဲ ကိုယ်နဲ့ ပါတ်သက်တဲ့ နယ်ပယ်မှာ အလုပ်လုပ်ရတဲ့ အခါတိုင်း ဘယ်တော့များမှ ... ဆိုတာလေး အမြဲတွေးမိပါရဲ့။ တနေ့ပေါ့ဗျာ။ ဖြစ်လာမှာပေါ့။
မြင်ယောင်နေမိတယ်ဗျို့...
မထင် မထင် ဘယ်တော့မှ
ဟဲဟဲ
"အမေပေးတဲ့ပညာက သူများအကျိုးအတွက်လား"
အဲဒီလိုမဟုတ်ပါဘူး အမေပေးခဲ့တဲ့ပညာတွေက အများအကြိုးအတွက်ပါ။ အများအကြိုးကိုလုပ်ပေးနေတဲ့အတွက် ကျွန်တော်တို့ လဲအဆင်ပြေနေတာပါ။
အင်း
အစ်မရဲ့ စိတ်မှာရှိနေဖို့ လိုတာပါ
ဖြစ်လာစေရမှာပေါ့ဗျာ
ကျနော်တို့ အရွယ်တွေအများကြီးကျန်သေးတယ်လေ
နော်
ခုကတည်းစတစ်ခုချင်းအကောင်အထည်ဖော်နိုင်ဖို့ ပဲလိုတယ်
ထိုင်ညည်းနေလို့ တော့ဘာမှမဖြစ်
Post a Comment