May 10, 2009

၁၀.၅.၂၀၀၉

စလယ်ဝင်အိုးလေး
( ရတနာဦး )

ဖေဖေရယ် မေမေရယ် ကြင်စတုန်းက
စလယ်ဝင်အိုးလေးကိုသုံးကာ
ထမင်းချက်ပြုတ် စားသောက်လို့ နေလာကြတယ်
နှစ်တွေလတွေ ကုန်လွန်ကာသွားတော့
သားတွေသမီးတွေ အချစ်တွေရယ် တိုးပွားခဲ့လေတယ်

စလယ်ဝင်ဒီအိုးဟာ လုံလောက်မှုကို မပေးစွမ်းနိုင်တယ်
သားတွေသမီးတွေ အကုန်လုံးစားနိုင်ရေးအတွက်
ရည်မှန်းကာအိုးကြီးဝယ်...

တပျော်တပါးကွယ် စားလာတဲ့အခါ
ပျော်မြူးစရာလူ့ဘုံခန်းဝါ
အဖေအမေမေတ္တာပေးဝေနှီးကာ
အတောင်စုံတဲ့အခါ တစ်လမ်းစီခွဲခွာ
ကိုယ်ပိုင်အသိုက်အမြုံလွှမ်းခြုံတဲ့အခါ
အဖေအမေများဟာ ကြည့်ကာဝမ်းသာ

ဒီတော့မှအဖိုးအဖွားအဖြစ်နဲ့
စလယ်ဝင်အိုးလေးပြန်သုံးစွဲကြပြန်
မရိုးနိုင်တဲ့မေတ္တာတွေပါ
စလယ်ဝင်အိုးလေး ဇာတ်လမ်းအစမှ ဇာတ်လမ်းအဆုံးတိုင်ပါ...

.......................
ကျွန်မရဲ့ ဒီနေ့နေ့လည်စာကို ညီမလေးနဲ့ အတူတူစားခဲ့တယ်။ တိတ်ဆိတ်ခြောက်သွေ့နေတဲ့ သုခစုရိပ်ငြိမ်ရဲ့ ထမင်းဝိုင်းဟာ ဖေဖေနဲ့မေမေ ၂ယောက်တည်းပဲ ရှိနေလိမ့်မယ်။ တစ်ယောက်တည်းကွဲနေတဲ့ မောင်လေးတစ်ယောက် ဘယ်မှာဘယ်လိုစားနေလဲဆိုတာ ကျွန်မတကယ်မသိပါဘူး... :(

5 ယောက်ဝေဖန်သွားတယ်:

လွတ်ငြိမ်းလေပြေ said...

ညီမလေး ရောက်လာပြီလား
အဆင်ပြေပါစေ
း)

မီးငယ် said...

ဒီလိုပါပဲမမရယ်... ညီမလေးဆိုမေမေနဲ့ဖေဖေကို ထားခဲ့တာ ၂နှစ်ပြည့်တော့မယ်...
ညီမလေးတစ်ယောက်တည်း အားလုံးကိုရင်ဆိုင်ရတာပဲလေ..

puluque said...

ကျတော်လဲ ဒီသီချင်းကို ကြိုက်တယ်ဗျ ။ အဲဒီသီချင်းလေးနားထောင်ပီး တစလယ်ကို ဘယ်လောက်ရှိလဲ သိချင်တာနဲ့ ရှာရင်း ပို့စ်လေး တစ်ခုတောင် တင်မိသေးသဗျ။။

MC said...

အစ်မ ရေ ကျွန်တော်က MCO ကပါ
ကျွန်တော်က တော့ အစ်မ စိတ်ပူ နေတယ် နေတဲ့
မောင်လေးလို့ပဲ ၁၀တန်းအောင်ကတည်းက
အိမ်က ထွက်ပြီးနေနေတာ ၃ နှစ်ရှိသွားပြီ
မွေးနေ့တွေကိုလည်း ဆုတောင်းမယ့်လူမရှိဘဲ
ဖြတ်သန်းနေ့ရတဲ့ ရက်လတွေကို မသိချင်ယောင်
ဆောင်ပြီးနေခဲ့ရတယ် ...

Anonymous said...

အဲဒီသီချင်းလေးလိုချင်နေတာ..ကျေးဇူးပဲညီမ။
မြေးတွေဘာတွေရလာရင်..အိုးကြီးပြန်သုံးရမှာပေါ့။