အချိန်တွေက ကုန်လွယ်လွန်းပါတယ်။ ဘာလိုလိုနဲ့ ဒီနေ့ဆိုရင် ကျွန်မGreenGirl ဘလော့ခ်လောကထဲမှာ တစ်နှစ်ပြည့်အောင် ရပ်တည်နိုင်ခဲ့ပါပြီ။ ဘလော့ခ်ဆိုတာ ဘာမှန်းလည်းမသိ၊ ဘယ်ဘလော့ခ်မှလည်း မဖတ်ဖူးတဲ့ သာမာန်မိန်းကလေး တစ်ယောက် နေ့ချင်းညချင်း ဘလော့ခ်ဆိုတဲ့ ပတ်ဝန်းကျင်သစ် တစ်ခုထဲကို ရောက်ခဲ့တယ်။ အဲ့ဒီအကြောင်းတွေကို ဒီပို့စ်လေးမှာ ရေးခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ကျွန်မတစ်ယောက် GreenGirl ဆိုတဲ့ အစိမ်းရောင် မိန်းကလေး တစ်ယောက်အဖြစ် ဘလော့ခ် လောကထဲကို ခပ်စိမ်းစိမ်းနဲ့ ရောက်လာခဲ့တယ်ပေါ့။
ဘလော့ခ်လုပ်ပြီ ဆိုတော့မှ ဘယ်ဘလော့ခ်တွေ ကောင်းလဲလို့ ဘလော့ခ်ဆိုရင် တွေ့သမျှ အကုန်ဖတ်တတ်တဲ့ ခိုင်ဇာကိုမေးရတယ်။ သူများတွေ ဘာတွေရေးတတ်ကြလဲ၊ ဘယ်လိုရေးကြလဲ ဆိုတာကို အဲ့ဒီတော့မှ လေ့လာရတယ်။ နောက်တော့ စိတ်ထဲမှာရှိတိုင်း ဘလော့ခ်ပေါ်မှာ ချရေးတတ်လာတယ်။ ရေးရင်း၊ ဖတ်ရင်းနဲ့မှ တဖြည်းဖြည်း စာဖတ်သူအတွက် တစ်ခုခုပေးနိုင်ဖို့ ကြိုးစားတတ်လာခဲ့တယ်။ အခုတော့ အစိမ်းရောင် မိန်းကလေးက ဘလော့ခ်လောကနဲ့ မစိမ်းတော့ဖူးပေါ့လေ။
ဟိုးလွန်ခဲ့တဲ့ တစ်နှစ်က ဒီလိုအချိန်မှာ ကျွန်မရယ်၊ အစ်ကိုစိုးမိုးကျော်ရယ် ညအိပ်ရေးပျက်တွေခံလို့ GreenGirlကို ဖန်တီးခဲ့ကြတယ်။ အစ်ကိုက ဘလော့ခ်အပြင်အဆင်တွေလုပ်ပေး၊ ကျွန်မက ပို့စ်တင်ဖို့ စာတွေစဉ်းစားပြီးရေးပေါ့။ မောင်နှမနှစ်ယောက် အလုပ်တွေ ကြိတ်ပြီးရှုပ်ခဲ့ကြတယ်။ အစ်ကိုစခဲ့လို့ ကျွန်မ GreenGirlရယ်လို့ ဖြစ်လာခဲ့တဲ့အတွက် ဒီနေ့မှာ အစ်ကို ကိုစိုးမိုးကျော်ကို ကျေးဇူးလည်းတင်သလို လေးစားစွာ ကန်တော့လိုက်ပါတယ်။
နောက်တစ်ခုက ကျွန်မတစ်သက်လုံး စာပေနဲ့မွေ့လျော်အောင် ပြုစုပေးခဲ့တဲ့ ဖေဖေနဲ့မေမေ။ စာဖတ်တတ်စ အရွယ်ကတည်းက ဘယ်လိုစာအုပ်တွေ ဖတ်သင့်တယ်လို့ ရွေးချယ်ပေးတတ်ခဲ့တဲ့၊ မြန်မာစာကို တလေးတစားနဲ့ အလေးထား လေ့လာတတ်အောင် သွန်သင်ပေးတဲ့ မေမေ၊ စာဖတ်ဝါသနာ စွဲလာတဲ့အချိန်မှာ လမ်းကြောင်းမမှားအောင် တည့်မတ်သွန်သင်ပေးခဲ့တဲ့၊ စာအုပ်ကောင်းမှန်သမျှ မငြီးမငြူဝယ်ပေးပြီး ဖတ်စေတဲ့ ဖေဖေ။ အတန်းစဉ်အဆက်ဆက် လေ့ကျင့်သင်ကြားခဲ့တဲ့ မြန်မာစာ ဆရာ/ဆရာမများအားလုံး။ မေမေ၊ဖေဖေ နဲ့ ဆရာ၊ဆရာမတို့ သွန်သင်ခဲ့လို့ မြန်မာစာကို ကျွန်မ မြတ်နိုးတတ်လာခဲ့သလို စာရေးစာဖတ် ၀ါသနာရင့်သန်ခဲ့တဲ့အတွက် ဖေဖေနဲ့မေမေ၊ ဆရာ၊ဆရာမ တွေကိုလည်း ကျေးဇူးတင်စွာနဲ့ ကန်တော့ပါတယ်။
နောက်ထပ် ကျေးဇူးတင်ရမယ့် သူတွေကတော့ GreenGirlကို စာရေးသူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်စေဖို့ အသိအမှတ်ပြုပေးခဲ့တဲ့ ကျွန်မရဲ့ ချစ်ခင်ရပါသော စာဖတ်သူများအားလုံးပါပဲ။ ဘလော့ခ်မဖွင့်ခင် ကတည်းကအခုထိ ဘာရေးရေး အားပေးခဲ့ကြတဲ့ သူငယ်ချင်းခိုင်ဇာ၊ ၀င်းလဲ့၊ တီလေးရွှေစင်၊ ကျောင်းတုန်းက စီနီယာတွေဖြစ်တဲ့ ကိုကျော်မိုးဝေနဲ့ မသန္တာ၊ တစ်နေ့တစ်ခါ အရောက် လာတဲ့ နှင်းနှင်း၊ မသဉ္ဇာနွယ်၊ မမ Charm ၊ ဇွန်ပွင့်၊ ဇူဇူး အပါအ၀င် အမည်မဖော်ပဲ အားပေးခဲ့တဲ့ စာဖတ်သူ သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးကုဋေကုဋာပါ။
ဘလော့ခ်ဖွင့်လို့ မကြာသေးခင်မှာ ဘလော့ခ်အသစ်ကလေးကို ဘယ်လိုမျက်စိလည်ပြီး ရောက်လာမှန်း မသိပေမယ့် ချက်ချင်းပဲ လင့်သွားပါပြီဆိုပြီး စီဘောက်စ်ထဲမှာ မက်ဆေ့ခ်ျချန်ခဲ့တဲ့ ကိုစိုးထက်၊ ညီမလေးရေ စာတွေလာဖတ်ပါတယ်ဆိုပြီး ပြောသွားသလို အခုထိလည်း အားပေးနေတဲ့ မမမြရွက်ဝေ၊ သူငယ်ချင်းဖြစ်ချင်လို့ ဆိုတဲ့ စာလေးတစ်ကြောင်းထားခဲ့တဲ့ မမခင်ဦးမေ၊ ကျောင်းတုန်းကအကြောင်းတွေ ဖတ်ရင်း ကျောင်းကိုသတိရတယ်လို့ ဆိုလာတဲ့ အစ်မKPZ ၊ ကီးဘုတ်ပေါ်က လက်ကလေးတွေကို အသိအမှတ်ပြုပေးခဲ့တဲ့ မနိုင်းနိုင်းစနေ၊ အစိမ်းရောင်ကြိုက်တာချင်းတူတဲ့ မနေနေနိုင် အားလုံးဟာ မတွေ့ဖူး မမြင်ဖူးပေမယ့် GreenGirlကို ဘလော့ခ်လောကထဲကို လက်တွဲခေါ်ခဲ့တဲ့ အစ်ကိုတွေအစ်မတွေပါ။ အစ်ကို အစ်မတွေရဲ့ အားပေးတဲ့ စာလေးတစ်ကြောင်းစီဟာ အမှတ်တမဲ့ပေမယ့် GreenGirlအတွက်တော့ အားဆေးတွေ ဖြစ်ခဲ့ရပါတယ်။ ကျေးဇူးရှိသူတွေ ဆိုရင်လည်း မမှားပါဘူး။
နောက်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ မောင်လေး Black Dream ဆီကို ရောက်ခဲ့ပြီး သူ့ရဲ့ အက်ဆေးအတွေး၊အရေးတွေကို အားကျခဲ့ရပြန်တယ်။ ကိုယ်က အဲ့ဒီလောက် မတွေးတတ်ဖူးလေ။ နောက်တစ်ယောက်က မောင်လေးညိမ်းညို၊ လူချင်းသိပြီး သူ့ကိုညိမ်းညိုမှန်း မသိခဲ့ပဲ သူ့ကဗျာတွေကို သြချခဲ့ရတာ။ ဘလော့ခ်လုပ်နေမှန်း နောက်မှသိပြီး ရောက်လာတဲ့ ညီမလေးမီးငယ်ကိုလည်း အချစ်ပိုခဲ့ရပြန်သလို ဗဟုသုတတွေ အများကြီး ပေးတဲ့ မရွှေပြည်သူကိုလည်း လေးစားခဲ့ရတယ်။ အစ်ကိုအရင်းလို ဖြစ်နေတဲ့ ကိုမိုးမြင့်တိမ် ( အဲ့ဒီတုန်းက ဘလော့ခ်ဂါမဖြစ်သေးပါဘူး ) ကလည်း အမြဲအားပေး ဖတ်ရှုဝေဖန်ပေးခဲ့တယ်။ အားလုံးနဲ့ ရင်းနှီးချစ်ခင်လို့ ဘလော့ခ်တကာ လှည့်လည် တတ်လာလို့ ဘလော့ခ်လောကထဲမှာ ပျော်လာခဲ့တယ်ပေါ့။
မောင်နှမလိုဖြစ်နေတဲ့ အညာသားတို့ မင်းဝေတို့ မောင်နိုင်တို့ဆီကနေ ဆက်ပြီး ဖြိုးငယ်၊ ကိုရင်ညိမ်း၊ မီးပြတိုက်၊ ညီမငယ်အိမ်လေး၊ မင်းကျန်စစ်၊ ကိုစွမ်း၊ အောင်ဦး၊ တင့်ထူးရွှေ၊ စောမဏ္ဍိုင် တို့အားလုံးနဲ့ အကျွမ်းဝင်ခဲ့ပြီုး အပြန်အလှန် အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရသလို အမြဲစာလာလာဖတ်တတ်တဲ့၊ သတိတရ အလည်လာတတ်တဲ့ မေသူ၊ ညီမလေးလင်းလက်ကြယ်စင်၊ ကိုရင်နော်၊မခင်လေးနဲ့ ကလေးလေး၊ ကိုဟိန်းမင်း၊ ကလေးငယ်လေး၊ မလုလု၊ ရွှန်းမီ၊ အစ်ကိုဆည်းဆာညို ( မနဲ့မောင် )၊ ကိုအိမ်၊ ဖြိုး၊ မေမိုး၊ ကိုဂစ်တာ၊ ကိုအိမ်မက်ရှင်၊ ကိုရှင်ရဲထွတ်၊ ၀ဿန်ဦး၊ ၊ သီဟညိမ်း၊ မိုးသောက်၊ ညီမလေးစန္ဒီမိုးမြင့်၊ အစ်မဆောင်း၊ အဲလာ၊ အစ်မဆုမွန်၊ ညခင်းနဲ့လမင်း၊ မောင်လေးအလှတရား၊ မောင်လေးမင်းသန့်၊ အလွမ်းပြေ၊ ကိုနေလင်း၊ နွေဆူးလင်္ကာ၊ ကျောင်းတော်ကမောင်လေး ဖားကြီး၊ အသစ်ကလေးဖြစ်တဲ့ မောင်ရှင်းသန့်၊ ကိုဝင်းဇော်၊ အစ်ကိုဝေးလွင့်ခြင်း၊ ကိုထိုက်၂၂၊ ၊ forever love ၊ ညီမလေး နီနီဝင်း၊ ကိုဂျူလိုင်ဒရင်းမ်၊ ဂျူဝသန်၊ တက်လူငယ်၊ သုခမိန် (E-Journal)၊ နန်းညီ၊ သံလွင်ဟီးရိုး၊ မီးလေးဇာ၊ မောင်လေး Army Soul၊ ကိုဥာဏ်(စက်မှု)၊ ကိုပုလုကွေး၊ ဗီလိန်၊ မိဂုမိ၊ ကိုစိုင်းထွန်းတို့လို ဘလော့ခ်ဂါ မောင်နှမသူငယ်ချင်းတွေကိုရော အစ်မမေဇင်၊ အစ်မ sin dan lar ၊ မမငွေအိမ်စံတို့လို စာဖတ်သူတွေကိုပါ တကယ်ကိုကျေးဇူးပါလို့ ဒီပို့စ်လေးနဲ့ပဲ ပြောပါရစေ။
နောက်ထပ်၊ နောက်ထပ် GreenGirlမသိပေမယ့် မျက်စိလည် လမ်းမှားပြီး ရောက်လာရင်း ဖတ်ရှုသွားတဲ့ နိုင်ငံအရပ်ရပ်က စာဖတ်သူ သူငယ်ချင်းတွေ၊ ခြေရာမချန်၊ ကွန်းမန့်မချန်ပေမယ့် အလည်အမြဲလာတတ်တဲ့ သူငယ်ချင်းတွေ၊ အပြင်မှာ ခင်မင်နေကြတဲ့ သူငယ်ချင်းတွေ၊ အွန်လိုင်းက သူငယ်ချင်းတွေ၊ GreenGirl အဖြစ်သာမက လွမ်းသုရင်အဖြစ်ပါ အားပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အားလုံးအားလုံးကို ဘယ်လိုပြောရမှန်းမသိအောင် ကျေးဇူးတင်ရပါတယ်။ အချိန်ယူကာ ၀င်ရောက်ဖတ်ရှု ပေးကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေ အားလုံးဟာ GreenGirlရဲ့ ရပ်တည်မှုတစ်ခုအတွက် အဖက်ဖက်ကနေ ထောက်ကန် ပေးခဲ့ကြတဲ့ သူတွေ၊ ကူညီဖေးမပေးခဲ့ကြတဲ့ သူတွေပါ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဘလော့ခ်ဆိုတဲ့ လောကကြီးထဲမှာ မတ်တပ်စမ်းရင်း GreenGirlတစ်ယောက် တစ်နှစ်ပြည့်ခဲ့ပါပြီ။ တစ်နှစ်တာမှာ ဖြစ်တတ်ကြုံရတတ်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း နားလည် သင့်သလောက် နားလည်ခဲ့ရပါပြီ။ ဘလော့ခ်တစ်နှစ်ပြည့်အတွက် ရည်ရွယ်ပြီး ဘလော့ခ်ကို ဒိုမိန်းပြောင်းတဲ့နေ့က ဘလော့ခ်ဂါ အစ်မတစ်ယောက်ရဲ့ သတိပေးစကားကို ကျွန်မအမှတ်တရအဖြစ် သိမ်းထားခဲ့ပါတယ်။ အစ်မက ဘာပြောလဲဆိုတော့ ဘလော့ခ်ဂါ တစ်ယောက်အနေနဲ့ ဒိုမိန်းပြောင်းလိုက်တဲ့အခါ ကိုယ့်ဒိုမိန်းကိုကိုယ် လေးစားရမယ်။ စာဖတ်သူကို လေးစားရမယ်။ တစ်နေ့တစ်ခါ မဟုတ်ရင်တောင် အနည်းဆုံးတစ်ပတ်တစ်ခါတော့ ဘလော့ခ်ကို Active ဖြစ်နေအောင် ကြိုးစားရမယ်။ ကိုယ်ရေးတဲ့စာတိုင်းမှာ စာဖတ်သူအတွက် တစ်ခုတော့ ပေးစရာပါအောင် ဂရုစိုက်ပါလို့ ပြောခဲ့ဖူးပါတယ်။
GreenGirl ၀ါသနာအရ စာရေးခဲ့ပါတယ်။ စာဖတ်သူက ထောက်ကန်ပေးတဲ့အတွက် စာရေးသူရယ်လို့ ရပ်တည်လာမိပါပြီ။ ရှေ့ဆက်ပြီးတော့လည်း စာဖတ်သူအတွက် ရသတစ်မျိုးမျိုးကို ပေးနိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ။ မရည်ရွယ်ပေမယ့် စာဖတ်သူအပေါ်မှာ အမှားရှိတာမျိုး ရှိခဲ့ရင် ဒီနေရာကပဲ တောင်းပန်ပါတယ်။ ဆက်လက်ပြီးတော့လည်း အားပေးနိုင်ကြပါစေလို့ မျှော်လင့်မိပါတယ်။ စာဖတ်သူဆိုတာ ရှိနေတဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ၊ အကြောင်းတိုက်ဆိုင်နေတဲ့ ကာလတစ်ခုအထိ စာတွေရေးနေဦးမှာပါ။
အားလုံးကို ကျေးဇူးတင်စွာဖြင့်
GreenGirl
၂၀ ဒီဇင်ဘာ ၂၀၀၈
( လင့်တွေကို မကျန်အောင်တော့ စဉ်းစားပြီး ထည့်ထားပါတယ်။ ကျန်ခဲ့တာများ ရှိရင် စိတ်မဆိုးကြပါနဲ့နော်။ GreenGirl ဆီကို တစ်ခါလေးပဲ ရောက်ဖူးခဲ့ရင်တောင် စာဖတ်သူလို့ အသိအမှတ်ပြုပြီး ကျေးဇူး တင်ပြီးသားပါ။း) )

68 ယောက်ဝေဖန်သွားတယ်:
Ma Ma Sein yayy...
A khu lo tadi ta ya nal 1 year a mhat ta ya post mhar nar ko kyay zuu so lo
nar ka lall kyay zuu tin par tae
kyaung tu pay mae ta khar mha ma tway phu tae frd a phit nal...
a myal tan arr pay nay own mhar par...
Hnin Hnin
ညီမရေ..
ဒီဘလော့လေး ၁ နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် ဒီနေရာလေးမှာ အခုထက်ပိုပြီး အမှတ်တရရှိတာလေးတွေ၊ အတွေးကောင်းလေးတွေနဲ့  ဖတ်စရာမှတ်စရာလေးတွေ များများ ရေးနိုင် ပါစေ၊ ရေးဖို့ လည်း အချိန် လုံလုံလောက်လောက်ရပါစေလို့ ... ဆုတောင်း ဆန္ဒပြုလိုက်တယ်..
ကိုယ်ကျန်းမာ စိတ်ချမ်းသာ ပျော်ရွှင်နေမှာ တွေးနိုင်ရေးနိုင်မှာမို့  ဘလော့မှာ စာကောင်းလေးတွေ ရေးနိုင်အောင်ဆုတောင်းပေးခြင်းဟာ ညီမ အမြဲတမ်း စိတ်ချမ်းသာ ပျော်ရွှင်နေပါစေလို့  ဆုတောင်းပေးခြင်းနဲ့  တူတူပဲ :)
စာတွေ လာဖတ်ခွင့် ရတာကို ၀မ်းသာမိပါတယ်။ အားလုံးကို ကျေးဇူးတင်တယ် ဆိုတဲ့ မလဲ့ကို ကျေးဇူးအားလုံး ပြန်တင်လိုက်ပါတယ်။
မကြာခင် ကုန်တော့မယ့် နှစ်ဟောင်းရဲ့ ရက်များရော နှစ်သစ်ရဲ့ နေ့သစ်များမှာပါ ပျော်ရွှင်စွာ စာတွေ ဆက်ရေးနိုင်ပါစေ..။
တနှစ်တောင်ပြည့် သွားပြီနော် မကြီးစိမ်း
ဒါပေမဲ့အ ရမ်း လည်းဟိုဟာရောဒီဟာရော လုပ်ချင်သမျလျှောက်လုပ်
မနေနဲ့ လူကိုလည်းအနားပေးပါဦး ကွန်ပြူတာကိုရောပဲ ဟီး ပျက်လို့ကတော့ဖြိုးရှိတယ်နော်
ဘလော့ လေးတနှစ် ပြည့် မှာပျော်ရွှင်ပါစေဗျာ ။ အရင် ကထက်ပိုပီး လည်းစာကောင်းပေကောင်းလေးတွေရေး
နိုင်ပါစေဗျာ
ဝမ်းသာတယ် အစ်မရာ...။ ဘလော့လောကမှာ ပေါ်လာလိုက် ပျောက်သွားလိုက်တွေ အခုဆိုအရမ်းများနေပြီ...။ ဒီလိုကာလမျိုးမှာ တစ်နှစ်ပြည့်တဲ့အထိ ရည်မှန်းချက်ကို အလျော့မပေးပဲ ကြိုးစားခဲ့တဲ့အတွက် လေးစားပါတယ်...။ အခုဆွဲကိုင်ထားတဲ့ ရည်ရွယ်ချက်တွေကိုလဲ နောင်နှစ် ပေါင်းများစွာ အထိ ယုံကြည်စွာ ဆက်လက်စွဲကိုင်ရင် ဘလော့ပတ်ဝန်းကျင် လေးထဲမှာ ပျော်ရွှင်စွာ ဆက်လက် ခရီးဆက်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်...။
အမှတ်တရထဲမှာ ပါဝင်ခွင့်ရတာ ၀မ်းသာပါ၏
ကျော်ကျော်: :cheers
20 Dec 08, 11:43
ကျော်ကျော်: လာလည်ပြီး၊လာဖတ် သွားတယ်နော်..အမ. :P
မောင်ရှင်းသန့်: မမGreen Girl ရေ ဆုတောင်းပေး ဖို့ လို့ ကော်နက်ရှင်မကောင်းလို့ဗျ tired
သူငယ်ချင်းရေ...
နင်ခင်တွယ်ရာ ဘလော့ဂ်လေးကို နင်ကျွမ်းကျင်တဲ့ စာရေးခြင်းအတတ်ပညာနဲ့ နင်မွေ့လျော်တဲ့အချိန်တစ်ခုထိ ဆက်လက်ရပ်တည်ရေးသားနိုင်ပါစေ..
ငါ့နာမည်လည်းပါတယ်ဟ.....အဟီး
ဒီကောင်မလေး ကောင်းစာဦးမယ်..လူကြီးသူမ တွေကို သတိ၇တတ်လို့...
:DDDDDDDDDD
20 Dec 08, 12:29
နီနီဝင်း: မမနှစ်ရာကျော်တည်တံ့ပါစေ
20 Dec 08, 12:29
နီနီဝင်း: မမရေ မင်္ဂလာပါနော်
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာဆက်လက်ရေးဖွဲ့နိုင်ပါစေခင်ဗျာ။
စာအရေးအသားပြေပြစ်ချောမွေ့တာကို အားကျတယ်
ဒီဘက်ကိုအရောက်ကျဲပေမဲ့ လွမ်းသုရင်ဘက်က ၀တ္ထုတိုအတွဲတွေကိုတော့
အမြဲစောင့်ဖတ်ဖြစ်တယ်
ပျော်ရွှင်ပါစေခင်ဗျာ
မဂရင်းရေ..
တစ်နှစ်သား ဘလော့ဂ်လေးပေါ့.......
နောင်ဆယ်စုနှစ်များစွာတိုင် ကိုယ်ချစ်တဲ့ ဘလော့ဂ်လေးမှာ အစဉ်ထာဝရ ကိန်းအောင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်...
ခင်မင်လျက်..
နေလင်း
ညီမငယ် Green Girl လေးရဲ့ အနုပညာ ဆိုက်လေး တစ်နှစ်ပြည့်မှ သည် နှစ်ပေါင်းမြောက်များစွာ အဓွန့်ရှည်တည်တံပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်မိပါကြောင်း ခင်ဗျား ...။
ခင်မင်လေးစားစွာဖြင့်
အားပေးလျှက်
20 Dec 08, 13:29
အိပ်မက်ရှင်: :hi
20 Dec 08, 13:27
အိပ်မက်ရှင်: နောက်လည်း ဆက်လက်အားပေးနေမယ် .... ချီတက် :)
20 Dec 08, 13:27
အိပ်မက်ရှင်: တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်လာပါတယ် ညီမရေ ... လက်ခုပ်သံကျယ်ကျယ်နဲ့ ထိပ်ဆုံးက အားပေးခဲ့ပါတယ် ...
20 Dec 08, 13:26
မောင်နိုင်: နောင်လည်း အများကြီးရေး။နိုင်ပါစေ
20 Dec 08, 13:25
မောင်နိုင်: ရေးထားတာ အရမ်းကောင်းပါတယ် အစ်မရေ ။ အောင်မြင်ကျော်ကြားတဲ့ အရေးအသားတွေ ပါပဲ ။
20 Dec 08, 13:19
Nay Lynn: မဂရင်းရေ.. လည်လည်ရောက်တယ်နော်.... မင့်ခဲ့တယ်...
ညီမလေးရေ
ဘလော့တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ဘလော့နိုင်ပါစေနော်..
လွမ်းသုရင်ကိုလဲ အမြဲအားပေးပါတယ်..
ငါ့ညီမလေး နှစ်သစ်ကူးမှာ စိတ်ချမ်းသာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေသော်ဝ်...
ဘလော့လေးရဲ့ တစ်နှစ်ပြည့်ပွဲ ကို တက်ရောက်ပါတယ်။ နောက် ဆယ်စုနှစ်ပေါင်းများစွာတိုင် ဘလော့နိုင်ပါစေ.. ဟတ်ပီး ဘတ်ဒေးပါ...
အစ်မရေ တစ်နှစ်သားဘလော့ဂ်လေးကနေ နောင်နှစ်များစွာ တိုင်အောင် စာကောင်းပေကောင်းတွေ အများကြီးရေးဖွဲ့နိုင်ပါတယ် ၊ ဖိုရမ်ထဲမှာရော ဘလော့ဂ်မှာပါ ကြုံတိုင်း ဖတ်မိတိုင်း ကြိုက်ရတဲ့ ပို့စ်လေးတွေ များပါတယ် ၊ အနုပညာ ခရီး ကို ပျော်ရွှင်စွာနဲ့ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ ခင်ဗျာ ။
20 Dec 08, 13:56
THS: ဘလော့ခ်တစ်နှစ်ပြည့်ကို တက်ရောက်သွားပါတယ်၊ အဆင်ပြေပါစေ အစ်မရေ :)
20 Dec 08, 13:49
ပုလုကွေး: ဘလော့လေးရဲ့ တစ်နှစ်ပြည့် ပွဲကို ဂုဏ်ယူစွာ တက်ရောက်လာပါတယ်... နောင်နှစ်များစွာတိုင် ဘလော့ နိုင်ပါစေ.
20 Dec 08, 13:39
မဆုမွန်: မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ပါစေ...
20 Dec 08, 13:33
ဦးနော်မေမေခင်ကလေးလေး: မမစိမ်းရေ၁နှစ်မှနှစ်၂ရာတိုင်ပါစေသော်... :hi
20 Dec 08, 14:17
gin: တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတည့်တံ့တဲ့ ဘလော့ဂ်လေးဖြစ်ပါစေ
20 Dec 08, 14:14
ဟိန်းမင်း+ကလေးလေး: တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာတည့်တံ့တဲ့ ဘလော့ဂ်လေးဖြစ်ပါစေ
မင်္ဂလာပါ အစ်မ
အချိန်တွေ ကြာလာသည်နှင့်အမျှ ပိုမို တန်ဖိုးရှိသော ဘလော့တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ....။
မမစိမ်းရေ...၁နှစ်ပြည့်ပို့စ်လေးမှာအမှတ်တရတခ်ပေးတဲ့အတွက်ကျနော်က
ထက်လောင်းကျေးဇူးအထူးတင်ရှိကြောင်းပါ။
အစ်မရဲ့ဘလော့လေး၁နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျ။
20 Dec 08, 14:30
ကလေးငယ်လေး: မမရေ.. နောက်လည်း စာတွေ အများကြီးရေးနိုင်ပါစေ.. ဆက်လက် Blogging နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်။ :)
မမစိမ်းတောင် ၁နှစ်ပြည့်ပြီနော်။ဝမ်းသာပါတယ်ဗျာ အခုလိုကြာရှည်ရပ်တည်နိုင်တာကိုက လေးစားအားကျစရာပါ။
ဘလော့တခုကို ဒီလိုတန်ဖိုးထားလို့လဲ အခုလိုရပ်တည်နိုင်တာလို့
ထင်ပါတယ်ခင်ဗျ။ကျနော်ကတော့ ဘယ်နေ့ရပ်သွားမလဲ မပြော
တတ်ဘူးဗျာပေါက်ကရရေးလွန်းလို့ ပေါက်ကရပဲဖြစ်နေတာ ဆို
တော့ဗျာ။
:)
အမရေ ဆက်လက်ရေးသားနိုင်ပါစေ။
နောက်နှစ်ပေါင်းများစွာ ဘလော့ဂ်လေးနဲ့
အတူတူအောင်မြင်သော ခရီးလမ်းလျှောက်လှမ်းနိုင်ပါစေ။
ညီမရေ အကိုအပြင်သွားနေတာနဲ့ ညီမတစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်တာ နောက်ကျသွားတာ စိတ်မဆိုးနဲ့နော်။ ငါ့ညီမ တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်စွာနှင့် ဆက်လက်ရေးသားနိုင်ပါစေ။ စာဖတ်သူတို့အပေါ်လေးစားစွာနဲ့ စာဖတ်သူတို့အတွက် ခံစားမှု(သို့)အသိပညာ(သို့)ပျော်ရွှင်ဘွယ်ရာ အစရှိတဲ့ ခံစားမှုတို့ကို ပေးစွမ်းနိုင်တဲ့ စာကောင်းပေမွန်များလည်း ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းရင်း...။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
တစ်နှစ်ပြည့်အခန်းအနားကို လာတက်သွားပါတယ်။
နှစ်ပေါင်းများစွာ ပျော်ရွှင်အေးချမ်းစွာ ဆက်လက်နိုင်ပါစေ အစိမ်းရောင်မိန်းကလေးရေ
ပန်ဒိုရာ
တနှစ်ပြည့်သွားတဲ့ မှတ်တမ်းကြည့်ပြီး အားကျသဗျ။ မှတ်တမ်းလေးကို ရေးထားပုံက ကောင်းတာကိုး။ နောက်ထပ်လည်း အများကြီးရေးနိုင်ပါစေ။ ဆက်လက်ချီတက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
ပျော်ရွှင်ပါစေ ခင်ဗျာ။
သုခမိန်(E-Journal)
အမရေ .. ဆက်လက်အားပေးနေဆဲပါ ..
နောင် ..အခွင့်အခါ ရတဲ့အထိပေါ့ ... ဆက်ရေးပါအမရေ ..
မောင်လေးတို့ကလည်း အခွင့်အခါရတဲ့အထိ ဆက်အားပေးနေဦးမှာပါ ..
ရင်ထဲက စာပေတွေကြောင့် ကမ္ဘာမြေကြီး ရှင်သန်နိုင်ပါစေအမရေ
ဘလော့ဂ်သက်တမ်း တစ်နှစ်ပြည့်တဲ့အတွက် ဂုဏ်ယူပါတယ်မမရေ။း)
ကွန်မန့် မချန်ဖြစ်ပေမယ့် လာ.. လာဖတ်ပါတယ်။
ဘလော့ဂ်လေး နှစ်ပေါင်းများစွာ တည်မြဲနိုင်ပါစေ။
အစ်မရေ ၀မ်းသာတယ်ဗျာ...
ဆန္ဒအတိုင်း ဖြစ်လိုရာဖြစ်ပါစေဗျာ...
20 Dec 08, 16:40
ထနောင်း: မခင်ပေမယ့် လာလည်ပြီး ဆုတောင်းသွားပါတယ်
20 Dec 08, 16:40
ထနောင်း: အောင်မြင်တဲ့ blogger ကောင်းတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ပါစေ
20 Dec 08, 16:39
ထနောင်း: ပထမဆုံးရောက်ဖူးပါတယ် cbox မှာတွေ့လို့လာလည်သွားပါတယ်
20 Dec 08, 16:32
Nge Naing: စာလာဖတ်သွားပါတယ်။ ပထမဦးဆုံး ရောက်ဖူးခြင်း ဖြစ်တယ်။
ဟေး...မမ နာမည်ပါလို့  ၀မ်းသာလိုက်တာ..
"အစိမ်းရောင် မိန်းကလေး" ဘလော့လေး၁နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာ...... ဆက်လက်ရှင်သန်နိုင်ပါစေ.......
:) :) :)
ငွေအိမ်စံ
Congratulation for your successful my dear sis.Time flows very fast,i think everything was done just yesterday.anyway,cheers again.I wish u may be more happy & success :)
အစ်မရေ လွမ်းသုရင်ကိုလဲ အမြဲအားပေးနေပါတယ်..
ပျော်ရွှင်ပါစေ အမရေ... နက်မကောင်းလို့ဗျာ.. အခုရက်ဘယ်ကိုမှမရောက်ဖြစ်ဖူး... နောက်များမှ ဆုံကြတာပေါ့။
20 Dec 08, 17:53
နန်းညီ (ခ) ကိုကို: နောက်နှစ်ပေါင်းများစွာ စာပေများဆက်လက်ရေးသားနိုင်ပါစေ အမရေ အားပေးလျှက်ပါဗျာ
20 Dec 08, 17:52
နန်းညီ (ခ) ကိုကို: အမရေ နန်းညီ ခြေထောက်နာနေလို့ မလာနိုင်ဘူးခင်ဗျာ ညီ့အစား ကျတော့်က ကျေးဇူးတင်ပါတယ်
ညီမလေးေ၇...ဘလော့လေး ၁ နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင်အောင် အခုထက်ပိုပြီး အမှတ်တရရှိတာလေးတွေ၊ ဖတ်စရာမှတ်စရာလေးတွေ များများ ရေးနိုင် ပါစေ၊ ရေးဖို့ လည်း အချိန် လုံလုံလောက်လောက်ရပါစေလို့ ... ဆုတောင်း ဆန္ဒပြုတယ်နော်... အချိန်မရလို့ခဏဘလော့ခ်နဲ့ဝေးကွာနေပေမယ့် ၇တဲ့အချိန်မှာအလည်ရောက်ဖြစ်ပါတယ်...
စနေနေ့ဆို စနေမမက အလုပ်များတာ...
အလာနောက်ကျသွားပါတယ် ညီမလေးစိမ်းရေ...
ခွက်ဆေးရေပဲ ကျန်လာတော့ မသိဘူး.. :P
၁နှစ်မှသည် နှစ်ပေါင်း ၉၉ ထိ တိုင်စေသောဝ်
“ သိပ်တော်တာပဲ ” ဆိုတဲ့ စကားလုံးထက် ပိုလေးနက်တဲ့ စကားလုံး ရှိရင် ပြောပြစမ်းပါ … ကျွန်တော် ခင်ဗျားကို ချီးကျူးချင်လို့ …. နာမည်ထည့်ထားလို့ ပြောတာ ဟုတ်ဘူးနော် .. စာအရေးအသား တကယ်ကောင်းလို့ဗျို့ … ကဲ .. မွေးနေ့ ဆုတောင်းကတော့ သူများတွေ ဆုတောင်းထားတာကိုပဲ စကွဲယား တင်လိုက်သဗျို့ ..
20 Dec 08, 19:24
ကျော်ကျော်(နေပြည်တော်): ဆုတောင်းပေးလိုက်ပါတယ်ဗျာ.....
20 Dec 08, 19:24
ကျော်ကျော်(နေပြည်တော်): အမရဲ့ ခံစားမှုလက်ရာများနဲ့အတူ ....အမဖြစ်ချင်တဲ့..ဘ၀လေးဖြစ်လာပါစေလို့ ...ခုလိုတစ်နှစ်ပြည့်နေ့ရက်လေးမှာ
20 Dec 08, 19:59
စိုင်းထွန်း: တယ်ဟုတ်ပါလား မမစိမ်းရေ။ ကျွန်တော်တောင် ၁၀လသားပဲရှိသေးတယ်။
မစိမ်းရဲ.ဘလော့လေး အတွန်.ရှည်ပါစေ။ အဲမှားလို. အဓွန်ရှည်တည်တံ့ပါစေ။
20 Dec 08, 15:51
အောင်ဦး: ပျော်ရွှင်ဖွယ်နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ အစ်မ.
တစ်နှစ်ပြည့်မွေးနေ့မှသည်..ျနှစ်ပေါင်းများစွာ...........
အမှတ်တရထဲမှာ ပါဝင်ခွင့်ရလို့ ၀မ်းသာပါတယ်
အရေးအသားတွေကို
အတွေးများများနဲ့
အလေးထားပြီး
ရေးသားတဲ့..မမ။
သုံးရာခြောက်ဆယ့်ငါး
ကိန်းဂဏန်းများသို့
ရောက်ခဲ့ပါပြီ..
ဥယျာဉ်မှူး၏
ပန်းကလေးလည်း
ပွင့်လန်းခဲ့ပြီ...
နှစ်ပေါင်းများစွာ တည်စေသော်ဝ်။
Army Soul
ကမ္ဘာကျော် ဘလာဂေါ်အစ်မ
အတင်းအမြဲပြောသည့် ဂရင်းဂဲလ်ချော၏
ဘလော့(၁)နှစ်ပြည့်မှသည်.....
လိုတိုင်းမရ
အပျိုဟိုင်းဘ၀ဖြင့်
တစ်ကိုယ်တည်း အထီးကျန်စွာနေရခြင်းမှ
အမြန်ဆုံး ကင်းဝေးစေသော်ဝ်...။ ။
`ဘလော့ဂါတွေတောင်းပေးတဲ့ ဆုတွေအားလုံး ပြည့်ပါစေ။´
`အစ်မကိုယ်တိုင်တောင်းတဲ့ဆုလည်း ပြည့်ပါစေ´
`သားသားတောင်းပေးတဲ့ ဆုလည်း ပြည့်ပါစေ...´ :)
တစ်နှစ်ပြည့်မှာ ကွန်မန့်ခွင့်ရလို့ ကျေးဇူးပါခင်ဗျ
စာပေကို ချစ်တဲ့ အတွက် လေးစားပါတယ် ..
အများကြီး ဆက်လက်ရေးသားနိုင်ပါစေဗျာ
kom: ပျော်ရွှုင်ပါစေ ညီမရေ။။
ဂုဏ်ယူပါတယ်အစ်မ
ဘလောဂ့်တစ်နှစ်ပြည့်နေ့လေးကို ဂုဏ်ပြုပါတယ်။
ရသစုံလင်အောင် တင်ပြပေးတဲ့ ဘလောဂ့်ကို လေးစားပါတယ်။
နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက် Blogging နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
ခင်မင်လျက်
http://winzaw-mdy.blogspot.com
နောက်ကျပြီးရောက်လာခဲပါတယ် ညီမရေ
တစ်နှစ်တောင်ရှိသွားပြီနော်
ကိုယ်ကတော့ အခုမှ ငါးလသားလေးပဲရှိသေးတယ်။ ညီမက စီနီယာ ပေါ့။ လေးစားပါတယ် ညီမရေ။ နောက်နှစ်ပေါင်းများစွာတိုင်အောင်။ စာပေနဲ့ အတူ ပျော်မွေ့နိုင်ပါစေ....
အစ်မရေ နောက်ကျပြီးမှ ရောက်ဖြစ်တယ်...
ရန်ကုန်မှာ မီးမမှန်တော့လို့... :)
ကျွန်တော့် အစ်မ နောင်နှစ်ပေါင်းများစွာတိုင်အောင်
ဆက်လက် ရေးသားနိုင်ပါစေ...
အစ်မရေ...
အစ်မရဲ့ ရိုမန်တစ်ဇာတ်လမ်းလေးတွေကိုလည်း
အမြဲ အားပေးလျက်ပါ.. ခင်ဗျာ
ညီမလေးရေ ....
စကေးရူးလ် ကိုင်တတ်တဲ့ လက်တစ်စုံက ကလောင်တံလည်း ကိုင်တတ်တယ် ဆိုတာကို သက်သေပြနိုင်တဲ့ ညီမလေးအတွက် ထာဝရဂုဏ်ယူလျှက် ယနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘလော့နိုင်သော အချိန်များကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်နော်
( စိတ်မဆိုးနဲ့နော်.. အာဘွား.. လာချော့တာ )
တစ်နှစ်ပြည့်မှသည်..နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်စွာဘလော့ဂ်ဂင်းနိုင်ပါစေလို့နော်
အားပေးနေပါတယ်မမစိမ်း
မနေ့ကတည်းကလာတာဗျ တစ်ခုခုကျွေးမှာပဲဆိုပြီး ချိုင့်ဆွဲလာတာ ။ ကိုးနတ်ရှင်က ပေးမ၀င်ဘူး (အဟင့်)။ ဒီနေ့ရောက်တော့ ဘာမှလည်းမကျွေးဘူး ။ ဆုတောင်းတာကတော့ အရင်လူတွေလိုပါပဲ ။ ဘာမှမကျွေးလို့ ခေါင်းတခါခါ လည်တခါခါနှင့် လာရာလမ်းသို့ပြန်မြန်းချေပြီ ဗျ ။ အဟေးဟေး
အမရေ စာမေးပွဲတွေရှိတဲ့ကြားက လာခဲ့ရတာ။ ပျော်စရာ ဝမ်းသာစရာပဲဗျာ။ ကျနော် တစ်နှစ်ကျော်သွားပီ ဒါပေမယ့် ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ အမလို အမြဲ ဂရုတစိုက်မရေးခဲ့တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမှာပဲ။ အမကို အားကျမိစိတ်နဲ့အတူ တစ်နှစ်ပြည့်မှသည် နောင်နှစ်တွေအထိ ခုလို စာကောင်းတွေ ဂရုတစိုက်နဲ့ အမြဲရေးသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
မင်းကျန်စစ်

မမGreenGirl ဘလော့ တစ်ပြည့်တဲ့အတွက်ဂုဏ်ယူပါတယ်ခင်ဗျာ
နောက်ထပ်လည်း နှစ်ပေါင်းများစွာ ခံစားချက်တွေကို ထုတ်ဖော်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ :)
(မမရေ ကျနော် နေတိုင်း လာလာပြီးမန့်ဖို့ကြိုးစားတာပဲဗျာ
အခုမှရတော့တယ်)
အပြင်က ပြန်ရောက်ရောက်ချင်းလာခဲ့တယ်။
"Happy Anniversary" ပါညီမရေ့။
(အဲလို ရေးလို့ရရဲ့လားတော့ သိဘူး၊ မှားသွားရင် ချောတီးနော်။:D ဂျပန်လို "အစ်ရှူးနဲန် အိုမဲဒဲ့တိုး ဂိုဇိုင်းမစု"ပေါ့။)
နောင်လဲ greengirlရော လွမ်းသုရင်မှာပါ စာတွေ အများကြီးရေးနိုင်ပါစေနော်။
21 Dec 08, 12:58
Kyaw That Thway: မင်္ဂလာပါ။ အလည်လာပါတယ်။
21 Dec 08, 09:30
flower.poem: တစ်နှစ်ပြည့်မှာ ဘာကျွေးမှာလည်း ညီမလေး
21 Dec 08, 07:37
Welcome: ပျော်ရွှင်တဲ့ ဘလောဂ့်အိမ်မွေးနေ့လေး ဖြစ်ပါစေ၊ အရောက် နောက်ကျလို့ တောင်းပန်ပါတယ်
21 Dec 08, 06:47
htike22: အမရေ တနှစ်ပြည့်ဘလော့အခမ်းအနားကိုလာရောက်ချီးမြှင့်ပါတယ်...
21 Dec 08, 06:47
htike22: အမရေ တနှစ်ပြည့်ဘလော့အခမ်းအနားကိုလာရောက်ချီးမြှင့်ပါတယ်...
21 Dec 08, 06:07
nainai14: နောက်လည်းလာဦးမယ်ဗျာ
21 Dec 08, 06:06
nainai14: တစ်နှစ်ပြည့်မှရောက်ဖူးတဲ့လူသစ်လေးပါ
22 Dec 08, 12:07
ဟန်လင်းထွန်း: ဘာကျွေးမှာလဲ
22 Dec 08, 08:56
အိမ်: အသစ်ရှိလား လာချောင်းတာ
22 Dec 08, 08:20
မောင်ရှင်းသန့်: အမရေ အခုမှ ပြန်လာနိုင်တော့တယ်ဗျ post အသစ်လေးလုပ်ပါအုံးးးးးးးးး :D
22 Dec 08, 08:05
TTZ: စာတွေဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပါတယ်..အမြဲတမ်းလည်း အားပေးနေပါတယ်.. :cheers
22 Dec 08, 08:04
TTZ: Congratulations ပါ ညီမလေးလဲ့ရေ...တနှစ်ပြည့်ဘလော့မှသည် ..နောင်ရက်ပေါင်းများစွာ..
22 Dec 08, 07:00
မီးငယ်: မမရေ...ကိုမိုးမြင့်တိမ်က မမကို အရည်ကျိုသောက်မယ်တဲ့
22 Dec 08, 06:48
မီးငယ်: ညီမလေး ဘလော့တောင် ဖွင့်လို့ရပူး..ချိတ်ညစ်တယ်..ပြန်လာတော့မယ်.. (၁၀)ရက်နေ့..အဟီး
22 Dec 08, 06:46
မီးငယ်: မမလဲ့ ရအောင်လာတွားတယ်... ကွန့်လို့တော့ရပူး..နက်စုတ်တယ် မြန်မာပြည်က... :(
22 Dec 08, 03:07
မင်းကျန်စစ်: အမရေ ကမျောသောပါးနဲ့ လုပ်လိုက်တာ ကွန်မက်မှာ နည်းနည်း ရှုပ်သွားတယ် ခွင့်လွှတ်နော်
22 Dec 08, 01:59
Bin Lar Din: Hi! Greengirl, Have a nice day.
21 Dec 08, 23:47
ကိုရင်ညိန်း: ဘာမှလည်း မကျွေးဘူး (ကပ်စေနည်းပ) အဟေးဟေး :P :P :P
21 Dec 08, 22:11
နွေသူရ: လာလည်ပါတယ်...၁နှစ်ပြည့်မှသည်...နောင်နှစ်၁၀၀တိုင်ရေးသားနှိုင်ပါစေ...ဒီထက်မကအောင်မြင်ပါစေ...
21 Dec 08, 20:24
မီးလေးဇာ: မမစိမ်းရေအခုမှအိမ်ပြန်လာလို့ လာတာနောက်ကျသွားတယ်နော် ပျော်ရွှင်ပါစေနော်
21 Dec 08, 18:09
GreenGirl: အလုပ်များနေလို့ ပြန်ဧညါ့မခံနိုင်တာ တောင်းပန်ပါတယ်။ နောက်နေ့မှ အိမ်ပေါက်စေ့ နှုတ်ဆက်တော့မယ် :hi
21 Dec 08, 16:19
sdf: sadfsdafas
21 Dec 08, 15:14
Nay Lynn: မဂရင်းရေ.. အလည်ထပ်ရောက်ပါတယ်...
21 Dec 08, 15:07
မောင်စေတနာ: တစ်နှစ်ပြည့်ဘလော့မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက် တည်တံ့ပြီး စာကောင်းပေမွန်များ ရေးနိုင်ပါစေသော်။
21 Dec 08, 14:25
သံလွင်ဟီးရိုး: မမစိမ်းရေ...အိမ်လာပါအုံးဗျ.ရုပ်ရှင်ပြမယ်
21 Dec 08, 13:26
4everlove: လာလည်သွားပါတယ် အစ်မ။ ။ ဒီ ချစ်စရာဘလော့လေး ဆက်လက်တည်တဲ့ ပြီး ချစ်စရာစာသားလေးတွေ များများရေးနိုင်ပါစေ။
21 Dec 08, 13:11
PHinMM: :sn
သူငယ်ချင်းတွေ၊ မောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေးတဲ့ဆုတွေ အားလုံးလည်း ပြည့်ပါစေလို့ ဆုတောင်းပါတယ်။ အခုလို စည်ကားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိတဲ့အတွက်လည်း အတိုင်းမသိ ၀မ်းသာရပါတယ်။ တကယ်ပဲ အားလုံးကို ကျေးဇူးပါပဲနော် :)
အစ်မရေ..
ကျနော် က နောက်ဆုံးနောက်တယ်သူ ဖြစ်မယ်ထင်တယ်။ အခုရက်ပိုင်းမှာ အလုပ်ရှုပ်နေတာနဲ့ စာမရေးဖြစ်တာပါ။ ၁ နှစ်ပြီး ၁ နှစ် အချိန်တွေ ကုန်လွန်လာတဲ့ အတူ အသက်တွေလဲ အိုခြင်း၊ သေခြင်း ဘက်ကို နီးလာပြီ ဆိုတဲ့ အသိလေးနဲ့ ကောင်းမှုတွေမှာ အမြဲမပြတ် လုပ်ဆောင်နိုင်ပါစေ။ ထို့အတူ ခဏတာနေရတဲ့ လူ့ဘ၀လေးမှာလဲ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းဆုပြုပါတယ်။
အောင်ဦး
မ Greengirl တစ်ယောက် အခု တစ်နှစ်ပြည့်မှစ၍ နောင် နှစ်ပေါင်းများစွာအထိ စိတ်လက်ပျော်ရွှင်စွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေကြောင်းနဲ့ လိုအင်ဆန္ဒ အ၀၀ ပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..:) :)
စာရေးကောင်းတဲ့ မမ၊
တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်တဲ့စာများကို ရေးသားနိုင်ပြီး အောင်မြင်သူ တစ်ယောက်ဖြစ်ပါစေ။
စကားမစပ်၊ လွမ်းသုရင်ကိုလည်း ကြိုက်တယ်သိလား။
ကျမက ဝတ္ထုမရေးတတ်တော့ မမကို အားကျတယ်အဟုတ်။
အမှတ်တရလေးအတွက် စိတ်ရှည်လက်ရှည်ရေးထားသကိုး။ ကောင်းပါ့ဗျာ။
23 Dec 08, 16:34
smk: ဂုဏ်ယူပါတယ် ညီမလေး
23 Dec 08, 11:01
အိမ်လေး: ဆက်လက်ဘလော့ဂင်းနိုင်ပါစေအမဂရင်းဂါးေ
ညီမလေး... အစ်မ Blog နဲ့အဆက်ပြတ်သွားလို့ နောက်ကျသွားတာ ခွင့်လွှတ်နော်။ တစ်နှစ်တောင် ပြည့်သွားပြီလား။ တကယ်ကို ၀မ်းသာဂုဏ်ယူစရာပါ ညီမလေးရေ... ကိုယ်ပိုင်ဖန်တီးမှုတွေ အရည်အသွေးတွေနဲ့ ပြည့်စုံတဲ့ Blog တစ်ခု တစ်နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာတိုင် ဒီထက်မက အောင်မြင်မှုတွေနဲ့ ရပ်တည်နိုင်ပါစေ... Blog ပိုင်ရှင်လေးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ စာတွေအများကြီး ဆက်ရေးနိုင်ပါစေ။ (၁)နှစ်ပြည့်ပို့စ်လိုပို့မှာ အစ်မကိုလည်း သတိတရထည့်ပေးထားလို့ အရမ်းကျေးဇူးတင် ၀မ်းသာရပါတယ်။
အမရေ...
ဘလော့နဲ့ဝေးနေလို့ နောက်ကျသွားတဲ့အတွက် ခွင့်လွှတ်ပါခင်ဗျာ..။ သတိတရနဲ့ ဖိတ်ကြားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..။ အစစအရာရာ ပျော်ရွှင်အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ...
ဝဿန်ဦး.....
Post a Comment