June 15, 2008

Surbana မှာလဲသွားပြီ

အမည်နာမဆိုတာ လူတစ်ယောက် မွေးဖွားလိုက်ကတည်းက အဲ့ဒီလူရဲ့ အမှတ်အသားတစ်ခုပါ။ လူတိုင်း လူတိုင်း ကိုယ့်နာမည်ကို အလေးထားတတ်ကြပါတယ်။ စာလုံးပေါင်း သတ်ပုံ၊ အသံထွက်လေးက အစပေါ့။ အချို့က စာလုံးပေါင်းမှားရင် မကြိုက်ဖူး။ အချို့က အသံထွက်မှားရင် မကြိုက်ဖူး။ စင်္ကာပူက လူတွေဆိုရင် ပိုဆိုးပါတယ်။ သူတို့နာမည်တွေကို စာလုံးပေါင်းကျန်တာ၊ ရှေ့နောက်လွဲတာကအစ ဆတ်ဆတ်ထိ မခံတတ်ကြပါဘူး။ အဲ့ဒီလိုလူတွေက မြန်မာတွေကိုတော့ သူတို့ခေါ်တတ်သလို ခေါ်ကြပါတယ်။ မြန်မာတွေကလည်း သည်းခံခြင်း ပါရမီနဲ့ ပြည့်စုံတယ်လေ။ သူတို့အသံမထွက်တတ်လို့ပဲလို့ ခွင့်လွှတ်လိုက်ကြတယ်။ အဲ့ဒီနာမည်အကြောင်း ကိုယ်တွေ့ကြုံရတာကို ပြောရဦးမယ်။

ကျွန်မကို ဖေဖေနဲ့ မေမေမွေးလိုက်တုန်းက မွေးစာရင်းပါနာမည်က လဲ့လဲ့ဝင်း။ မေမေက သမီးနှစ်ယောက်ရှိနေလို့ သမီးကြီးလဲ့လဲ့လို့ ခေါ်တတ်ပေမယ့် ဖေဖေကတော့ ကျွန်မဒီအသက်အရွယ် ရောက်တဲ့အထိ သမီးလို့ပဲ ခေါ်ပါတယ်။ အိမ်မှာ ညီအစ်မနှစ်ယောက်လုံး ရှိတဲ့အချိန် ဖေဖေက သမီးရေလို့ခေါ်ရင် ဘယ်သမီးကို ခေါ်မှန်းမသိလို့ နှစ်ယောက်စလုံး ဖေဖေ့အနားကို ရောက်အောင် ပြေးကြပါတယ်။ ဖေဖေမျက်လုံးရောက်သွားတဲ့သူဟာ တကယ်လိုအပ်လို့ ခေါ်ခံရသူပါ။ အဲ့ဒီလိုခွဲခြား ရပါတယ်။

မောင်လေးနဲ့ ညမလေးကတော့ ကျွန်မကိုမမလဲ့လို့ပဲ အခုအချိန်ထိ ခေါ်လာကြတာပါ။ ၀မ်းကွဲမောင်နှမတွေကလည်း ဒီလိုပါပဲ။ ကျွန်မထက် အသက်ကြီးတဲ့သူတွေက ညီမလေးလဲ့လဲ့လို့ ခေါ်တတ်ပြီး အသက်ငယ်တဲ့သူတွေကတော့ မမလဲ့လို့ နှုတ်ကျိုးနေကြပါပြီ။ ဆွေမျိုးထဲက ၀ါကြီးတဲ့သူတွေ၊ ပတ်ဝန်းကျင်က လူတွေကတော့ လဲ့လဲ့လို့ပဲ ခေါ်ကြသိကြတာ များပါတယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကလည်း လဲ့လဲ့လို့ပဲခေါ်တယ်။ ဂျီတီအိုင်က သူငယ်ချင်းတွေခေါ်တော့ ကျွန်မနာမည်က မလဲ့ဖြစ်ရော။ အလုပ်ထဲရောက်တော့လည်း လဲ့လဲ့၊ မလဲ့ဆိုတာက ကျွန်မရဲ့ နာမည်အတိုအဖြစ် ဆက်ပြီး ခေါ်ခံနေရဆဲပါ။ ကျွန်မရဲ့ နာမည်ကို ဆရာ၊ဆရာမတွေကလွဲလို့ အပြည့်အစုံခေါ်တဲ့သူ မရှိသလောက်ရှားပါတယ်။ ကျွန်မကလည်း ကိုယ့်ကိုနာမည် အရှည်ခေါ်တာထက် အတိုခေါ်ခံရတာကိုပဲ ပိုပြီး နားယဉ်ပါတယ်။ ဒါပေမယ့် ဒီနာမည်ဟာ ဖေဖေပေးခဲ့တာဖြစ်လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မိဘပေးတဲ့နာမည် တန်ဖိုးထားကောင်းပါတယ်လေ။

ဒီလိုနဲ့ ကျွန်မရဲ့နာမည်ဟာ စင်္ကာပူကို ရောက်တဲ့အခါမှာ စတင်ပျက်စီးတော့တာပါပဲ။ Passport လုပ်ကတည်းက စတယ်လို့ ဆိုရမှာပေါ့။ ကျွန်မ Passport လုပ်တုန်းက Passport မှာပါတဲ့နာမည်နဲ့ ဘွဲ့၊ဒီပလိုမာလက်မှတ်မှာ ပါတဲ့နာမည် စာလုံးပေါင်း တူရမယ်တဲ့။ ဒီတော့ ကျွန်မဘယ်စာလုံးပေါင်းနဲ့ ပေါင်းပေးရမလဲလို့ ရွေးရပါတော့တယ်။ ကျွန်မရဲ့နာမည် လဲ့လဲ့ဆိုတာကို လူအမျိုးမျိုးက မျိုးစုံပေါင်းပေးခဲ့ကြတယ်လေ။ ကျွန်မရဲ့ Certificate တွေမှာလည်း တစ်ခုနဲ့တစ်ခု မတူပါဘူး။ များသောအားဖြင့် ( Lei , Lai , Le`, Lae` ) အဲ့ဒီလို ပေါင်းပေးတတ်ကြပါတယ်။ ဖြစ်ချင်တော့ ဂျီတီအိုင်အောင်လက်မှတ်မှာ ( Le`) နဲ့ပေါင်းထားတယ်။ ဒါပေမယ့် ကျွန်မနာမည်က ကတ်သီးကတ်သတ် ဖြစ်တတ်ပါတယ်။ ကျွန်မရဲ့Passport မှာ ( Le )လို့ပဲပါလာခဲ့တယ်။ အဲ့ဒီတုန်းကတည်းက ထင်ခဲ့တယ်။ ငါတော့ စင်္ကာပူရောက်ရင် လဲ့လဲ့ကနေ လီလီဖြစ်တော့မှာပဲလို့။ တကယ်တမ်းကျတော့လည်း ကျွန်မထင်ခဲ့သလိုပါပဲ။ လေယာဉ်ကွင်းမှာကတည်းက တရုတ်မတွေက ကျွန်မကို Passport ကိုကြည့်ပြီး ( Le Le ) လီလီလို့ပဲ ခေါ်ကြပါတယ်။

လီလီလို့ ခေါ်တာကို ကျွန်မခံနိုင်ပါသေးတယ်။ စာလုံးပေါင်းက ( Le Le ) ဖြစ်နေတာကိုး။ အလုပ်စ၀င်တဲ့ နေ့မှာတော့ ကျွန်မကို အဲ့လိုမခေါ်ကြတော့ပြန်ဘူး။ ပထမဆုံးအလုပ်ဝင်ခဲ့တဲ့ Sanchoon Builders မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်ပေးတဲ့အခါ လဲ့လဲ့ဝင်းလို့ပြောတဲ့ ကျွန်မရဲ့အသံထွက်ကို သူတို့မထွက်တတ်တော့ပါဘူး။ တစ်ခါတစ်ခါခေါ်ဖို့အရေး "How to pronounce your name?" လို့ပြန်ပြန်မေးကြပါတယ်။ ဒီလိုနဲ့ဖြေရင်း ဖြေရင်းကနေ သူတို့နားထဲ စွဲသွားတဲ့ ကျွန်မရဲ့နာမည်က ( Lal Lal ) လာလ်လာလ် ဖြစ်သွားတယ်။ :P

( Le Le )ဆိုတာကို မြင်တိုင်းလည်း သူတို့က လီလီလို့ မခေါ်ကြပြန်ဖူး။ ကျွန်မရဲ့ စားပွဲက Name Plate ကိုမြင်တိုင်း ကိုယ့်ရုံးကမဟုတ်တဲ့ သူစိမ်းတွေကလည်း "How to pronounce your name?"တဲ့။ ကျွန်မနားမလည်တော့ဘူး။ ( Le Le )ဆိုတာကို သူတို့မှာ ဘယ်လိုအသံထွက်များ ထပ်ပြီးရှိသေးလဲပေါ့။ တစ်ယောက်ပြီးတစ်ယောက် ခေါ်ရင်းကနေ ကျွန်မနာမည်က Sanchoonမှာ ( Lal Lal ) လို့တွင်သွားတယ်လေ။

ဒုတိယအလုပ် C&R Interiors ကိုရောက်တော့ Boss နဲ့ ကျွန်မရဲ့ Project Manager ကပဲ လီလီလို့ ပီပီသသခေါ်ပါတယ်။ ကျန်တဲ့သူတွေက ( Lel Lel )လို့ပဲ ခေါ်တတ်ကြတယ်။ ကျွန်မသည်းခံလိုက်ပါတယ်။ ငါ့နာမည်ကမှ ခေါ်ရခက်တာကိုးလို့။ စင်္ကာပူမှာနေတဲ့ ကာလတစ်လျှောက် ကျွန်မအမေးခံရဆုံး မေးခွန်းကို ပြောရမယ်ဆိုရင် "How to pronounce your name?" ပဲလို့ ပြောရမှာပါပဲ။

အခုကျွန်မ Surbana International Consultants ကိုရောက်ခဲ့ရပြန်ပြီ။ Interview မှာကတည်းက ဘာမှမမေးခင် အရင်ဆုံးအမေးခံရတာက ဒီနာမည်ကိုပါပဲ။ ကျွန်မကို ဘယ်လိုခေါ်ရမလဲဆိုတော့ သူတို့ခေါ်ရလွယ်အောင် Win လို့ခေါ်ဆိုပြီး ပြောထားပြီးသား။ ဒါပေမယ့် အဲ့ဒီတရုတ်တွေက ခက်လဲခက်ပါတယ်။ Win လို့ခေါ်ဆိုလည်း မဟုတ်ပြန်ဘူး။ ကျွန်မနားယဉ်တဲ့ နာမည်ကိုပဲ ပြောပါတဲ့။ သူတို့လည်း အဲ့ဒီလိုပဲခေါ်မယ်တဲ့။ ဒီတော့ ကျွန်မကလည်း လဲ့လဲ့လို့ပဲ လူအများစုက ခေါ်တယ်လို့ ပြောပစ်လိုက်တယ်။ သူတို့ဒုက္ခ ရောက်သွားတယ်လေ။ ဟဲဟဲ မခေါ်တတ်ကြတော့ဘူး။

မခေါ်တတ်ကြပေမယ့် ဇွဲတော့ကောင်းသား။ မရ ရအောင်လိုက်ခေါ်တယ်။ ကျွန်မကလည်း ( Lel Lel ) ထက်တော့ မဆိုးဘူးလို့ ထင်ခဲ့တာ။ Reporting Officer နဲ့ Department တစ်ခုလုံးက Lel Lel လို့ခေါ်တတ်သွားပေမယ့် Contract Manager က ပထမဆုံး ကျွန်မကိုခေါ်လိုက်တဲ့ အချိန်မှာ တကယ်ကို ငိုချင်စိတ်ပေါက်သွားရတယ်။ သို့သော်လည်း သည်းခံလိုက်ပါတယ်။ သူတို့ခမျာ လဲ့လဲ့ဆိုတာကို အသံမထွက်တတ်ဖူးလေ။ Contract Manager တရုတ်မလေး ( အသက်ကတော့ အမေအရွယ်လောက် ရှိမှာပါ။ ပုပုသေးသေးလေးမို့ ချစ်စရာတော့ ကောင်းသား။ ) ကျွန်မကို ခေါ်လိုက်တာက ( Lae Lel ) လဲလည် တဲ့...။

ကဲ... Surbana ကိုရောက်တဲ့အချိန်မှာ ကျွန်မရဲ့နာမည်ဟာ လည်ရုံမကပဲ လဲပါလဲသွားပါတော့တယ်။ သူများနာမည်ကို ခေါ်ချင်သလို ခေါ်နေကြတယ်နော်။ ရှိစေတော့... ရှိစေတော့...။ :(

6 ယောက်ဝေဖန်သွားတယ်:

Moe Myint Tane said...

လဲလည် လဲလည် ဟီးဟီး ဘာမှမဟုတ်ဘူး ခေါ်ကြည့်တာ

အညာသား said...

“မမ လေလည်”
မောင်ရေးခေါ်တာကော ပီရားဟင် :P

GreenGirl said...

ပီဝူးးးးးးး :(

Heartmuseum said...

မလေလည်ရေ... အားမငယ်နဲ့ ကျွန့်တော့် နာမည်လဲ ဘယ်သူမှ မှန်အောင် မခေါ်နိုင်ပါ။

Corine said...

Hello!

I stumbled across your powerful blog and wanted to invite you to share your experiences with the world! World Pulse Magazine, which covers world issues through the eyes of women, is running a special online edition on the voices of women from Burma on Aung San Suu Kyi’s birthday! (www.worldpulse.com).

We are putting out a special call inviting all our sisters from Burma and supporters passionate about the cause of Burma to join The Burma Café group on World Pulse’s interactive community site, PulseWire. (www.pulsewire.net ) We believe the Burma Café can become a unique space – especially for women - to share thoughts, strategies and visions towards a free Burma. In addition, World Pulse Magazine readers inspired by the edition can visit the Burma Café to listen to your ideas and collaborate in support of the cause.

So pour a cup of tea and join your sisters on the Burma Café!

How to Participate: Easy as 1, 2, 3!

Below is the link to our Burma Café: http://beta.pulsewire.net/groups/2136

Joining the Burma Café can be done in three simple steps which should not take more than 10 minutes:

1. Create a profile for yourself on PulseWire. Visit www.pulsewire.net and click on the 'register button to create a user name and password for yourself.
2. Make a quick post about yourself, your organization or the work you are doing (for instance, share your vision and your ideas about the future of Burma, or your background or even the work of the organization you are involved with a few sentences). Write from your heart as readers of World Pulse Magazine may want to send supportive thoughts and take action to support your cause!
3. Go to the Burma Café group: http://beta.pulsewire.net/groups/2136 and click on the join the group button.

You are now all set to make a post or add to comment to someone else's post.

Please feel free to forward this invitation along to any other Burma bloggers who might be interested in joining Pulsewire. And please do not hesitate to email me with any questions you might have about navigating the site, setting up a profile, and starting to share your story!

In solidarity,

Corine Milano
Managing Editor

World Pulse
Global Issues Through the Eyes of Women

www.worldpulse.com
o. 503.331.3900 f. 503.914.1418

Sint said...

Yap..........the Japanese couldn't pronounce " Sint Si" . My name become "CC" in the Japanese company. Most Chinese call me " Si Si".