ဒီနေ့ မောင်နှမလိုခင်နေတဲ့ အစ်ကိုတစ်ယောက်နဲ့ စကားပြောရင်း အချစ်အကြောင်းပြောမိတဲ့အခါ အချစ်ဟာ ဘ၀မဟုတ်ဖူးလို့ ပြောမိရာက ဒီစိတ်ကူးကို ရသွားတယ်။
အစ်ကိုက ကျွန်မကိုပြောတယ်လေ...ညီမလေးရယ် အချစ်ဆိုတာ ဘ၀မဟုတ်ပါဘူးတဲ့။ ကျွန်မကလည်း အစ်ကိုပြောတာ ဟုတ်ပါတယ်လို့။ တကယ်တော့ အချစ်ဆိုတာ လမ်းလျှောက်ရင်း ခလုတ်တိုက်မိတာပါပဲလို့ ပြန်ပြောလိုက်တယ်။
လူတိုင်းလူတိုင်း ကိုယ့်လမ်းကို ကိုယ်သွားနေကြတာပါ။ တစ်ချို့ကတော့ ခလုတ်မထိပဲ ချောချောမောမောနဲ့ လိုရာခရီးကို ရောက်သွားတယ်။ တချို့ကျတော့လည်း လမ်းပေါ်က ကျောက်စရစ်ခဲလေးတွေနဲ့ ခလုတ်တိုက်မိတယ်။ ခလုတ်တိုက်ပြီး ဘာမှမဖြစ်သလိုနဲ့ ဆက်ပြီးလမ်းလျှောက်သွားလို့ ရတဲ့သူ ရှိသလို ခြေထောက်နာသွားတဲ့သူတွေလည်း ရှိတယ်။ အချိန်တန်တော့လည်း နာတဲ့ခြေထောက်က ကောင်းသွားတာပါပဲ။
အဲ..တစ်ချို့ကျပြန်တော့ ခလုတ်တိုက်တာ ခြေသည်းတောင် လန်ထွက်သတဲ့။ ဒါပေမယ့် လန်သွားးတုန်းခဏပဲ နာလှချည်ရဲ့၊ နောက်ဆို သတိထားတော့မယ်ဆိုပြီး ခြေသည်းအသစ်လည်း ထွက်လာရော အမလေး ခလုတ်တိုက်တာများ ဘာအရေးလဲ၊ ခြေသည်းခွာတာများ စကားထဲထည့်ပြောလို့၊ ခွာလိုက်လည်း နောက်တော့ အသစ်ပြန်ထွက်တာပါပဲ ဆိုပြီး ပေါ့ပေါ့လေးဖြစ်သွားတတ်တဲ့ လူတွေလည်း ရှိကြတယ်။
ဒါပေမယ့် ခလုတ်တိုက်တာခြင်း အတူတူ မှောက်ရက်လဲလို့ ဒူးပြဲတဲ့သူကျတော့ ဒူးပြဲတဲ့ဒဏ်ရာက သေတဲ့အထိ အမာရွတ်အဖြစ် ကျန်သွားတတ်တယ်။ လမ်းပေါ်က ခဲလေးတွေတွေ့ရင်လည်း ခလုတ်တိုက်မှာကို အရမ်းကြောက်ပြီး သတိထားရှောင်သွား တတ်ကြတယ်။
ကဲ...ဒီတော့ ခလုတ်တိုက်ခြင်းဆိုတာ အချစ်လိုပဲလို့ စဉ်းစားမိလိုက်တယ်။ ဟုတ်ပါတယ်... အချစ် = ခလုတ်တိုက်ခြင်းပါပဲ...။

18 ယောက်ဝေဖန်သွားတယ်:
အချစ် = ခလုတ်
အောင်မာ သူဟာနဲ့သူတော့ ဟုတ်လို့ပါလားဟ။
စကားမစပ် ဒူးကွဲဖူးလား....ဟီ....ဟိ.....
ကွဲဖူးတာပေါ့ :P
တူတူပါပဲအမဂရင်းဂါးရေ...:D
အချစ်= ee ကိုတက်နင်းမိခြင်းပါပဲ။ နင်းမိဘူးလား ဗျ။
နဖူးပါ ကွဲသွားတဲ့သူဆို အချစ်ဆိုတာကို ကြားတောင် ကြားရဲတော့မှာဟုတ်ဘူးနော် အမ :P
အချစ်=ခလုတ်တိုက်ခြင်း
အမာရွတ်=..... ?
Right!!!carry on.
Right,carry on!!
ခလုတ်ပဲတိုက်လို့ဘာပဲဖြစ်ဖြစ်
ခံစားရတာတွေက အစုံပေါ့။
အဲဒီလို ခံစားနေရတာကို သိပ်နှစ်သက်တယ်။
အခုတော့ လမ်းက ခလုတ်သိပ်မတိုက်မိအောင် ချောမွေ့သွားလို့ မခံစားရပြန်ဘူး၊
ခံစားရတာပဲ ကြိုက်တယ်။
(ငယ်ရွယ်သူတွေကြားမှာ ငယ်မူပြန်ခြင်း)
ဂရင်းရေ
အချစ်နဲ့ခလုတ်ဖတ်သွားတယ်နော်
ချစ်ခင်လျက်
မှန်လိုက်တာမမရယ်... လမ်းသွားရင်းနဲ့မတော်တဆ တိုက်မိတဲ့ အရာပါ...
ဘ၀မှာ အရမ်းကြီးအရေးကြီးတဲ့အထဲမှာ မပါဘူးနော့..
အချစ်ကြောင့် ခလုတ်တိုက်လိုက်တာ ငါ့သယ်ရင်း ဒူးဟက်တက်ကွဲသွားခြင်း
ခလုတ်တိုက်တာ..ဒူးမကွဲပဲ ခြေမကွဲသွားတယ်။ မမ
အချစ်ဆိုတာကြီးကို ခလုတ်တိုက်မှာလည်းကြောက်တယ်။ မတိုက်တိုက်အောင်..လိုက်ရှာနေမိသလားလို့ ကိုယ့်ကိုယ်ကိုတောင်ပြန်မေးမိတယ်။
အချစ်ဆိုတဲ့ ခလုတ်ကို ဒီဘဝမှာ တစ်ကြိမ်ပဲ တိုက်ပါရစေ... ဒူးပြဲ၊ မပြဲဆိုတာကတော့ ကိုယ့်ရဲ့ ကံပေါ့လေ...
ဟုတ်သလိုလိုပါပဲ။
:D
အို ကျွန်တော်တို့တော့ ခလုတ်ပဲ တိုက်ချင်လွန်းလို့ရှာနေတာ အချစ်ဟာ ခလုတ်နဲ့ညီရင် အိမ်ပေါက်ဝ ၊ အခန်းဝ မှာကို ချထားလိုက်ချင်တယ်
ဝင်တိုင်းထွက်တိုင်း တိုက်မိအောင် ....ဟိဟိ
အချစ်ဟာ ဘ၀မဟုတ်ပေမယ့် အချစ်မပါတဲ့ဘ၀က
လူနဲ့မတူတော့ဘူး..
အမြင်လေး တင်ပြပါရစေ မမရေ။ တကယ်တော့ အချစ်ဆိုတာ မိမိတွေ့ကြုံခံစားခဲ့ရသလို လူတိုင်းမှာ မတူညီသော အဓိပ္ပါယ်သတ်မှတ်ချက်တွေ အမျိုးမျိုးနဲ့ပေါ့။ အရေးကြီးဆုံးက အချစ်ပဲဖြစ်ဖြစ် ၊ ဘ၀ပဲဖြစ်ဖြစ် မိမိအတွက် ကောင်းမွန်သော အလင်းရောင် ဘ၀အားမာန်တွေဖြစ်တည်ဖို့ အရေးကြီးပါတယ်။ ညီမအတွက်တော့ အချစ်ဆိုတာ “အမြဲတမ်း ထွန်းလင်းနေမည့် အလင်းရောင်တစ်စင်း”ပါပဲ။ လိုချင်မှုလေးတွေကြောင့် တခါတလေ အနည်းငယ်အဆင်မပြေရင်သာ “ခလုတ်နည်းနည်းတိုက်မိတယ်”လို့ မြင်မိပါတယ်။
ချစ်ခြင်းမေတ္တာမရှိရင် “အနုပညာ”ဆိုတာ ဒီကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဘ၀မှာ အရေးကြီးဆုံးတွေက အသိဥာဏ်ပညာ ၊ ရိုးသားထူးချွန်မှု ၊ ကိုယ်ကျင့်သိက္ခာတည်ကြည်မှု ၊ ပျော်ရွှင်မှုနှင့် လေးနက်စစ်မှန်သော ချစ်ခြင်းမေတ္တာတွေပါပဲ။ ချစ်ခရီးလမ်းမှာ လူသားအားလုံး ပျော်ရွှင်ချမ်းမြေ့ရင်း ဒီကမ္ဘာကြီးအတွက် ကောင်းကျိုးတွေ ထည့်သွင်းနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ် :)
အချစ်ဆိုတာ ခလုတ်တိုက်ခြင်းပါ
အရှိန်တော့ ကွာမယ်ထင်တယ် ..း))
Post a Comment