February 11, 2008

ညီမလေးသို့...

ညီမလေးရေ...

အစ်ကို နှုတ်ဆက်ခဲ့တယ်နော်...။ အစ်ကိုတို့ မောင်နှမတွေ မြန်မာပြည်မှာ ပြန်ဆုံဖြစ်အောင် ကြိုးစားကြမယ်။
ကျန်းမာရေးကို ဂရုစိုက်နော်...။ အိပ်ရေးပျက်မခံနဲ့။ အပြင်တွေလည်း လျှောက်မသွားနေနဲ့ဦး။ နေမကောင်းဖြစ်ဦးမယ်။ လိမ်လိမ်မာမာနေခဲ့နော်။ အစ်ကို့ရဲ့ တစ်နေ့တာမှာ မိုးလင်းတာနဲ့ စကားစပြောရတဲ့လူဟာ ညီမလေးပဲ။ အိပ်ရာနိုးတာနဲ့ GTalk ကိုဖွင့်ပြီး ညီမလေးကို နှုတ်ဆက်တယ်။ ပြီးရင် သတင်းစာကို ဒေါင်းလုပ်ဒ်ချထားပြီး မျက်နှာသစ်တယ်။ တခါတလေ ပြန်အိပ်တယ်။ ပြီးရင် ကျောင်းသွားစရာ ရှိရင်သွားတယ်။ မရှိရင် Website တွေလျှောက်ကြည့်တယ်။ ဘလော့ခ်ကိုကြည့်တယ်။ ဖတ်စရာအသစ်ရှိရင် ဖတ်တယ်။ ကျောင်းကပြန်လာရင်လည်း လုပ်စရာရှိတာလုပ်ပြီး ညနေကျရင် ခြင်းခတ်တယ်။ ထမင်းစားသောက်ပြီးတော့ ညီမလေးနဲ့စကားပြောတယ်။ အဲဒါတွေကို ဘယ်လိုမှမေ့လို့ရမှာ မဟုတ်ပါဘူး။ မြန်မာပြည်ကို ပြန်တဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို့ဆီကို ဖြစ်အောင်လာပါ။ ညီမလေးကို အစ်ကိုအမြဲ သတိရနေမှာပါ။ ညီမလေး Chatting ပဲထိုင်မနေနဲ့။ စားများများ ဖတ်ပါ။ ဘလော့ခ်မှာ စာများများရေးပါ။
လေ့ကျင့်ခန်းလည်းလုပ်ဦး။ ပျင်းမနေနဲ့နော်။ မြန်မာပြည်ကို ရောက်ရောက်ချင်း အစ်ကိုဆက်သွယ်ပါ့မယ်။ ဒါပဲနော်...ညီမလေး...။
ညီမလေးကို ချစ်တဲ့ ...
( အစ်ကို စိုးမိုးကျော် )

0 ယောက်ဝေဖန်သွားတယ်: