စားလေလေ စပ်လေလေ... စပ်ပေမယ့် ဆက်စားချင်လေလေ ဖြစ်ရတဲ့ "ယိုးဒယားသင်္ဘောသီးထောင်း" ဟာ "အချစ်" နဲ့ သဘာဝချင်းတူပါ၏လော...။
စစဦးချင်း စားတုန်းကတော့ အရသာရှိတယ်။ စားရင်းစားရင်း စပ်စပ်လာတယ်။ ဒါပေမယ့် ကြိုးစားပြီး ဆက်စားတယ်။ မခံနိုင်တော့ရင် အဆုံးခံပြီး ဆက်မစားတော့ပဲ နေလိုက်တဲ့ "TomYam" ဟင်းချိုက "အိမ်ထောင်ရေး" နဲ့တူပါ၏လော...။
Golden Mile မှာ သင်္ဘောသီးသုပ်နဲ့ Tom Yam ဟင်းချိုသောက်ရင်း တွေးမိလိုက်တဲ့ မေးခွန်းလေးတစ်ခုပါ။ ဒီကောင်မလေး တော်တော်ခက်တယ်နော်။ စားတာတောင် ကောင်းကောင်းမစားဖူး။ လျှေက်စဉ်းစားနေတယ်။ ကဲ... သူငယ်ချင်းတွေကရော ဘယ်လိုမြင်ပါသလဲ။ ပြောပြကြပါဦးနော် ...း)



1 ယောက်ဝေဖန်သွားတယ်:
"ယိုးဒယားသင်္ဘောသီးထောင်း" ဟာ "အချစ်" ဟုတ်တဟုတ်တော့ မသိဘူး။ စားလို့ အတော်လေး ကောင်းပါးလားဆိုတဲ့ အသိတစ်ခုပဲ စားနေတုန်းရယ်၊ စားပြီးတဲ့ အခါရယ်၊ အခုလို မစားရတဲ့ အချိန်မှာရယ် အချိန်တိုင်းမှာ သိနေတယ်။ အခုတောင် ယိုးဒယားသင်္ဘောသီးထောင်း စားချင်နေပြီ။
Post a Comment