တရုတ်နှစ်သစ်ကူးအတွက် ကျွန်မရဲ့ရုံးက ၆ရက်ကနေ ၁၀ရက်နေ့ထိ ပိတ်ထားပါတယ်။ စုစုပေါင်းငါးရက်ပေါ့နော်။ အဲဒီငါးရက်အတွက် ကျွန်မရဲ့အချိန်စာရင်းကို ပြောပြမယ်။
၆.၂.၂၀၀၈ -
အလုပ်က အစ်မတစ်ယောက်ရဲ့ အာရုံဆွမ်းအလှူကို သွားကူပါတယ်။ ပြီးတော့ Chinese Gardenကို သွားပြီးဓါတ်ပုံရိုက်ပါတယ်။ အပြန် Lavendaက Golden Mile မှာ ယိုးဒယားသင်္ဘောသီးထောင်းနဲ့ Tom Yanဟင်းချို သွားစားပြီး ည ၉း၀၀မှ အိမ်ကိုပြန်ရောက်ပါတယ်။
၇.၂.၂၀၀၈ -
မနက်စောစော သူငယ်ချင်းတစ်ယောက်အတွက် ရှာထားတဲ့ အခန်းတစ်ခုကို သွားကြည့်ပြီး အိမ်ပြန်မယ်။ အိမ်သန့်ရှင်းရေးလုပ်ပြီး အခန်းပြောင်းရမယ်။
၈.၂.၂၀၀၈ -
မနက်ပိုင်းဇူဇူးနဲ့ အပြင်လျှောက်လည်ပြီး ညနေကျရင် စကာင်္ပူကိုရောက်နေတဲ့ မှော်ဘီကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ East Coast ဘက်ကို သွားမယ်လို့ တိုင်ပင်ထားကြတယ်။
၉.၂.၂၀၀၈ -
အပေါ်က အစီအစဉ်တွေ အပြောင်းအလဲမရှိရင် ကျွန်မရဲ့အစ်ကိုတစ်ယောက်က အိမ်ကိုလာပြီး ဘလော့ခ်အကြောင်းလေးတွေ လေ့လာချင်ပါတယ်လို့ ပြောထားတယ်။
၁၀.၂.၂၀၀၈ -
ပိတ်ရက်ငါးရက်မှာ လေးရက်လုံး ပင်ပန်းသွားတာရယ်၊ နောက်နေ့ပုံမှန်ရုံးတက်ရက် ဖြစ်တာရယ်ကြာင့် တစ်နေကုန်ဘယ်မှမသွားပဲ အနားယူပါတော့မယ်။
ကဲ... ငါးရက်တော့ ပြည့်သွားပြီ။ ဒါပေမယ့် ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာအလုပ်တွေ၊ အ၀တ်လျှော်၊ မီးပူတိုက်လုပ်ဖို့ အချိန်မပါသေးဘူး။ စာရေးဖို့ အချိန် မပါသေးဘူး။ ၆ရက်နေ့က မဆုံဖြစ်လိုက်တဲ့ အောင်စိုးပိုင်နဲ့ မေစန္ဒာက တွေ့ဖို့ထပ်ချိန်းရင် ဘယ်နေ့ကို အချိန်ပေးရမလဲဆိုတာ မပါသေးဘူး။
ပိတ်ရက်ငါးရက်ဟာ ကျွန်မအတွက် တကယ်ကိုမလုံလောက်ပါလားနော်...။း(


0 ယောက်ဝေဖန်သွားတယ်:
Post a Comment