February 3, 2008

မရွာပဲ မညိုပါနဲ့မိုးရယ်

ကောင်းကင်မှာ မိုးတွေညိုနေတယ်။ မိုးသက်လေတွေ တိုက်နေတယ်။ ဒါပေမယ့် မိုးကတော့ အခုထိမရွာသေးဘူး။ ကျွန်မအပြင်သွားရင် ထီးယူသွားရင်ကောင်းမလား၊ မယူသွားရင် ကောင်းမလား...။ ဆုံးဖြတ်ချက်က မတင်မကျ။ လိုရမယ်ရတော့ ထီးယူသွားတာ မမှားပါဘူးလေ...။ ယူသွားလိုက်ပါမယ်။ ဒီလိုနဲ့ ကျွန်မလက်ကိုင်အိတ်ထဲကို ထီးကလေးတစ်လက် ပါလာခဲ့ရတယ်။

မိုးရွာမယ် မရွာဘူးဆိုတာ မသေချာလို့ လိုရမယ်ရ ထီးဆောင်လာတာ မမှားပေမယ့် သူ့ဆီက နှလုံးသားတစ်ခု ရမရမသေချာလို့ နှလုံးသားတစ်ခု အပိုဆောင်ဖို့ဆိုတာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော်။

မရွာပဲလည်း မညိုပါနဲ့မိုးရယ်....
မချစ်ပဲလည်း သံယောဇဉ်တွေ မပေးပါနဲ့ ချစ်ရသူရယ်....။


0 ယောက်ဝေဖန်သွားတယ်: